ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံ ဒေသမျိုးများကိုထိန်းသိမ်းစောင့်ရှောက်ခြင်း

18/09/2020 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး PC Myanmar PC Myanmar မှ ပေးပို့ထားပါသည်။

"စိုက်ပျိုးပညာမျှဝေရာ" အစီအစဉ်မှ ကြိုဆိုပါတယ်ရှင်။

ENI ဖောင်ဒေးရှင်း၏ ကူညီထောက်ပံ့ပေးမှုဖြင့် မကွေး၊ မင်းလှ နှင့် မြို့သစ်ဒေသများတွင် စိုက်ပျိုးရေးနှင့် ကျန်းမာရေးကဏ္ဍမြှင့်တင်ဖို့ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စီမံကိန်းအတွက် PC Myanmar မှ ဒီအစီအစဉ်ကို တင်ဆက်ပေးတာဖြစ်ပါတယ်။

ဒီတစ်ပတ်မှာတော့ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံများတွင် ဒေသမျိုးများရှားပါးလာသည့်အတွက် ဒေသမျိုးများကိုထိန်းသိမ်းဖို့အတွက် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မျိုးစေ့ဘဏ်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမင်းစံသိန်း မှ အသိပညာပေးဆွေးနွေးပေးသွားတာဖြစ်ပါတယ်။

ပြည်ပမှတင်သွင်းသောမျိုးစေ့များကိုအသုံးပြုနေရခြင်းမှ ဖြစ်ပေါ်လာနိုင်တဲ့ ကောင်းကျိုး ဆိုးကျိုးများ၊ မြေသြဇာလိုအပ်မှု၊ ရောဂါပိုးမွှားဒဏ်ခံနိုင်ရည်ရှိမှုနှင့် အထွက်နှုန်းတို့တွင် ဒေသမျိုးများနှင့်စပ်မျိုးများ၏ ကွာခြားချက်များကို နှိုင်းယှဉ်ဆွေးနွေးပေးသွားတာဖြစ်ပါတယ်။ 

စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မျိုးစေ့ဘဏ်တွင်လည်း ဒေသဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံမျိုးများ ထိန်းသိမ်းထားမှုများကိုလည်း အစိမ်းရောင်လမ်းဦးကြီးတို့လေ့လာနိုင်ပါမှာ။

ဖော်ပြပါ အသံဖိုင်တွင်လေ့လာနိုင်ပါသည်။

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်