“(၅) ကြိမ်မြောက် ကော်ဖီအရည်အသွေးပြိုင်ပွဲ ပြုလုပ်ကျင်းပမည်”

15/03/2019 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာနိုင်ငံ ဒေသအသီးသီးမှ စိုက်ပျိုးတောင်သူများ မိမိတို့ထုတ်လုပ်သည့်ကော်ဖီကို ယုံကြည်ချက်ရှိရှိ ထုတ်လုပ်နိုင်စေရန် အတွက် (၅)ကြိမ်မြောက်ကော်ဖီအရည်အသွေးပြိုင်ပွဲကို ၂၀၁၉ ခုနှစ်၊ မတ်လ(၁၈)ရက်နေ့တွင်၊ ရန်ကုန်မြို့၌ ပြုလုပ် ကျင်းပသွားမည်ဟု မြန်မာနိုင်ငံကော်ဖီအသင်းမှ သိရသည်။

“အဓိကကတော့ ကော်ဖီစိုက်တောင်သူတွေ သူတို့စိုက်ပျိုးတဲ့ ထုတ်ကုန်တွေကို အရည်အသွေးအဆင့်အတန်းမြင့်မြင့် ထုတ်လုပ်လာနိုင်စေဖို့အတွက် ဒီပြိုင်ပွဲလေးကို ကျင်းပရတာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို တခြားနိုင်ငံက ဒိုင်တွေကလာပြီး အကဲဖြတ်ပေးသွားမှာပေါ့။ အဲ့ဒီဒိုင်တွေကနေတစ်ဆင့် မြန်မာ့ကော်ဖီက နိုင်ငံတကာကို ရောက်မှာပေါ့” ဟု မြန်မာနိုင်ငံ ကော်ဖီအသင်း ဥက္ကဌ ဦးရဲမြင့်က ပြောသည်။

ပြိုင်ပွဲဝင် ကော်ဖီနမူနာများကို တစ်ခုလျှင် (၅၀၀၀၀) ကျပ် ကောက်ခံသွားရန် စီစဉ်ထားပြီး ကော်ဖီနမူနာများကို မတ်လ (၁၄)ရက်နေ့ နောက်ဆုံးထား၍ ပေးပို့ရမည်ဟု သိရသည်။

ကော်ဖီနမူနာအတွက် ပုံစံအချက်အလက်များမှာ တောင်သူများအနေဖြင့်၊ ရောင်းချရန် ကော်ဖီစေ့ အနည်းဆုံး ကီလို (၂၀၀) ရှိရန်၊ ကိုယ်စားပြုနမူနာအဖြစ် ကော်ဖီစေ့ တစ်ကီလို (သို့မဟုတ်) ၆၅ ကျပ်သား ရှိရန် ၊ ဇကာအရွယ်အရွယ်အစား နံပါတ် (၁၅)အထက် ဖြစ်ရန် ၊ အပြစ်အနာအဆာ ရွေးချယ်သန့်စင်ပြီးရန်နှင့် ကော်ဖီအတွင်းပါဝင်သည့် အစိုဓာတ် ၁၀ - ၁၂ရာခိုင်နှုန်းကြား ဖြစ်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံကော်ဖီအသင်းမှ သိရသည်။

တိုးတိုးခိုင်(ABM)

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်