ကုန်ကျစရိတ် သက်သာစေမည့် ငါးအစာတောင့် ပြုလုပ်နည်း

08/06/2022 13:30 PM တွင် နှင်းဖြူ ဖြူ နှင်းဖြူ ဖြူ မှ ရေးသား

            ယနေ့ခေတ်ကာလသည် ကုန်စျေးနှုန်းများကြီးမြင့်မှုကြောင့် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ များမှာလည်း အခက်အခဲများစွာ ကြုံနေရပါသည်။ ငါးမွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်သူများ အနေ ဖြင့်လည်း အစာစရိတ်စကကြီးမြင့် မှုများရှိနေကြသဖြင့် ကုန်ကျစရိတ် သက်သာစေမည့် တစ်နိုင်တစ်ပိုင် ငါးအစာတောင့် ပြုလုပ်နည်းလေးကို ပြောပြပေးချင်ပါသည်။

           ငါးအစာတောင့်ပြုလုပ်ဖို့ ဗေဒါအစာစိမ်း၊ တဆေး၊ ဖွဲနု၊ ပဲဖတ်နှင့် ငါးခြောက်တို့ လိုအပ်သည်ဟု တစ်နိုင်တစ်ပိုင် ငါးအစာတောင့်ပြုလုပ်သူ၏ ပြောပြချက်အရ သိရပါသည်။ 

ပြုလုပ်နည်းမှာ-

၁။ ဗေဒါတွေကို တရုတ်နီအင်ဂျင်မြင်းကောင်ရေ ၃၆ ကောင် တပ်ဆင်ထားသော ကြိတ်စက်ဖြင့် စဥ်းရပါမည်။

၂။ စဥ်းပြီးသော ဗေဒါကုန်ချိန် ၅ပိဿာခန့်ကို တဆေးပါ ဆေး၁ထုပ်၊ ဖွဲနု ၁၅ ပိဿာခန့်ရောစပ်ပြီး စက်ဖြင့် နောက်တစ်ကြိမ် ပြန်လည်ကြိတ်ပေးရပါမည်။

၃။ ဒုတိယအဆင့်အနေဖြင့်  မြေပေါ်တွင် အလျှား၇ပေ x အနံ၅ပေ၊ အကျယ်အနက် ၃ပေခန့်တူးပြီး အောက်ခြေကို ပလတ်စတစ်ခင်း၍ ကြိတ်ပြီးသားဗေဒါများကိုဖြန့်ပြီး အပေါ်မှ ပလတ်စတစ် အုပ်ထားရပါမည်။ ပရိုတင်းဓာတ် တက်လာအောင် အချဥ်ဖောက်ခြင်း ဖြစ်ပါသည်။ အနည်းဆုံး ၇၂ နာရီ၊ အများဆုံး ၅ရက်ထားရပါမည်။

၄။ တတိယအဆင့်အနေဖြင့် မြင်းကောင်ရေ ၃၃ကောင်အားရှိ အစာမွှေစက်ထဲသို့ အချဥ်ဖောက်ထားသဖြင့် နူးနပ်နေသော ဗေဒါ ၈ပိဿာမှ ၁၅ ပိဿာခန့်ကို ဖွဲနု ၁၅ ပိဿာ၊ ပဲဖတ် ၂ပိဿာ၊ ငါးခြောက် ၁ ပိဿာ ရောမွှေပြီး အစာတောင့်အဖြစ် ပြုလုပ်၍ ငါးများကို နေ့စဥ် ကျွေးမွေးနိုင်ပါပြီ။

         ယခုအချိန်ကာလသည် ဖွဲနု၊ ပဲဖတ်စတဲ့ စရိတ်စက ကြီးမြင့်ခြင်း၊ အဆင့်မြင့်ငါးအစာတောင့်များ စရိတ်ကြီးမြင့်ခြင်းကြောင့် စီးပွားရေးတွက်ခြေမကိုက် အခက်အခဲ ဖြစ်နေကြသော ငါးမွေးမြူရေး လုပ်ငန်းရှင်များမှ တစ်နိုင်တစ်ပိုင် ငါးအစာတောင့်ကို ပြုလုပ်ကျွေးမွေးခြင်းဖြင့် အစာစရိတ် ၄၀% ခန့်သက်သာစေပါသည်။ ထို့ပြင် ငါးများကို ဗေဒါအစာစိမ်းနှင့် ရောနှောကျွေးမွေးခြင်းကြောင့် ရေသြဇာဓာတ်ကြွယ်ဝစေပြီး ရေသန့်လာခြင်း၊ ငါးများအစာစိမ်းစားခြင်းဖြင့် ရာသီဥတုဒဏ်ခံနိုင်ပြီး အသေအပျောက်နည်းပါးခြင်း စတဲ့အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်