စတုတ္ထအကြိမ် မန္တလေး နိုင်ငံတကာ မွေးမြူရေးနှင့် စိုက်ပျိုးရေးပြပွဲ

12/06/2019 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အထက်မြန်မာပြည်ရဲ့ အကြီးဆုံး စိုက်ပျိုးရေး နှင့် မွေးမြူရေးဆိုင်ရာ မန္တလေး နိုင်ငံတကာပြပွဲကြီးကို မန္တလေးမှာ ဇွန်လ ၁၅ ရက် က နေ ၁၇ ရက်နေ့ထိ သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

ပြပွဲ ကြီးကို မန္တလေးမြို့၊ သိပ္ပံလမ်း(၇၂ လမ်းထောင့်) မှာရှိတဲ့ မန္တလေးကွန်ဗင်းရှင်း စင်တာ (Mandalay Convention Center) မှာ ကျင်းပသွားမှာပါ။

ပြပွဲကြီးမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းသုံး စက်ကိရိယာများ၊ ဆေးဝါးများ၊ နည်းပညာများကို ပြည်တွင်း ပြည်ပကုမ္ပဏီများက လာရောက်ခင်းကျင်း ပြသသွားမှာဖြစ်ပါတယ်။

အထူးအစီအစဉ်တစ်ရပ်အနေနဲ့ တောင်သူဦးကြီးများအတွက် ထွန်စက်များ၊ ရိတ်သိမ်းခြွေလှေ့စက်များ၊ ထွန်များနှင့် ထယ်များကို အထူးလျှော့ဈေးများဖြင့် လက်ငင်း/ အရစ်ကျ ရောင်းချပေးသွားမှာပါ။

ဒါ့အပြင် စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝါရင့်ပညာရှင်များနဲ့အတူ ဆွေးနွေးနိုင်မယ့် ဆွေးနွေးပွဲများကိုပါ တပါတည်း ထည့်သွင်းကျင်းပမှာဖြစ်တဲ့အတွက် စိတ်ဝင်စားသူ မည်သူမဆို အခမဲ့လာရောက်ကြဖို့ လေးစားစွာ ဖိတ်ခေါ်လိုက်ရပါတယ်။


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်