မျိုးရင်း။ ။ Convolvulaceae (ကန်စွန်းမျိုးရင်း)
မြန်မာအမည် - ကောက်ရိုးနွယ်
အင်္ဂလိပ်အမည် - Bindweed
ပုံသဏ္ဌာန် -
အပင် - နွယ်ပင်ဖြစ်၍ ပင်စည်ပြောင်ချောသည်။ အချို့ အမွေးအနည်းငယ် ရှိသည်။ ဖြတ်ကြည့်က ဖြူသော အစေးများ ထွက်သည်။
အရွက် - သေးသွယ်ရှည်လျားပြီး အရင်းဝိုင်း၍ အဖျားချွန်သည်။ ၁-၃ လက်မခန့် ရှည်သည်။
အပွင့် - ခရမ်းရောင်ဖျော့ဖျော့ သို့မဟုတ် အဖြူရောင်ရှိသည်။
အသီး - လုံးဝိုင်းပြီး အစေ့ ၃-၄ စေ့ ပါသည်။ နီညိုရောင်ရှိ၍ သုံးထောင့်ပုံ ဖြစ်၏ ။
ပေါက်ရောက်သည့်ဒေသ။ ။ မြန်မာနိုင်ငံ အင်း၊ အိုင်၊ ချောင်း၊ မြောင်း၊ လယ်တော ယာတောများတွင် တွေ့ရသည်။
ပေါက်ရောက်ပုံ။ ။ သဘာဝအလျောက် ပေါက်ရောက်သည်။
အသုံးပြုသည့် အစိတ်အပိုင်း။ ။ ပဥ္စငါးပါး။
အာနိသင်။ ။ မြန်မာဆေးကျမ်းများအလိုအရ ကောက်ရိုးနွယ်သည် ပူ၏ ၊ ခါးသက်သက်ရှိ၏ ၊ ချို၏ ၊ ဆီးရွှင်စေ၏ ၊ ကာမအားကို တိုးစေ၏ ၊ နှစ်ရှည်စွဲသော ညောင်းနာကျ ၊ လည်ချောင်းရောင်ခြင်း၊ ချောင်းဆိုးရောဂါတို့ကို နိုင်၏ ။
အသုံးပြုပုံ -
ပဥ္စငါးပါး
၁။ အရိုးအဆစ်နာသောနေရာ၌ ကောက်ရိုးနွယ် ပဥ္စငါးပါးကို ကြိတ်၍ ကြပ်ထုပ်စည်းပေးလျှင် ပျောက်၏ ။
၂။ အဖု၊ အပိမ့်များ ဖြစ်ပေါ်၍ ယားယံလျှင် ကောက်ရိုးနွယ် အရည်ကို ညှစ်၍ သုတ်လိမ်းပေးက ပျောက်၏ ။
၃။ ပါးစပ် ခံတွင်း၌ အဖုအပိမ့် ပေါက်သော် ကောက်ရိုးနွယ် ပြုတ်ရည်ကို ငုံပေးလျှင် ပျောက်၏ ။ ယင်းပြုတ်ရည်ဖြင့် အနာဟောင်းများကို ဖန်ရေ ဆေးပေးနိုင်သည်။
၄။ အမြစ်သည် ဝမ်းသတ်စေသဖြင့် ဝမ်းနုတ်ဆေး ဖော်စပ်ရာတွင် ထည့်သွင်းအသုံးပြုသည်။
၅။ အဖု၊ အကျိတ်၊ အနာများအတွက် အရွက်ကို ကြိတ်၍ ပတ်တီးစည်းပေးခြင်းဖြင့် ပျောက်ကင်းစေနိုင်၏ ။
ကိုးကား - မြန်မာ့ဆေးဝါးပင်များ
East West Seed Myanmar ကြော်ငြာ
Shwe La Won
ATRIA
ရွှေမြား
တောင်ပေါ်သား
တောင်ပေါ်သူ