အပ်မှို

14/07/2021 11:30 AM တွင် ThawZin ThawZin မှ ရေးသား

    အပ်မှိုဟာ မှိုအမျိုးအစားများစွာရှိသည့်အနက်မှ ဆေးဖက်ဝင်ပြီး လူစားသုံးများသော မှိုတစ်မျိုးဖြစ်ပါတယ်။ အဲဒါကြောင့် အပ်မှိုကိုမစားသုံးမီ ကောင်းကျိုးများအပြင် ဆိုးကျိုးများကိုပါ သိရှိထားသင့်ပါတယ်။

၁။ မှိုအဆိပ်သင့်ခြင်း

    အပ်မှိုဟာ ကြွက်သားများ ဆုံးရှုံးပျက်စီးစေတဲ့ရောဂါကို ဖြစ်စေနိုင်ပါတယ်။ လေ့လာမှုတွေအရ အပ်မှိုဟာ ကိုလက်စထရောကို လျော့ချပေးနိုင်သော်လည်း သွေးဖြူဥနှင့် ရောဂါကာကွယ်ပေးသော သွေးတွင်းဆဲလ်များ အရေအတွက်ကျဆင်းစေတာကို တွေ့ရှိခဲ့ရပါတယ်။ ထို့ကြောင့် အပ်မှိုဟာ ကြွက်သားများနှင့် နှလုံးအား ထိခိုက်စေနိုင်ပါတယ်။

၂။ ဓာတ်မတည့်ခြင်းများ

    ကြက်ဥနှင့် အသားဓာတ် ဓာတ်မတည့်သောရောဂါ ရှိသူတွေဟာ အပ်မှိုကို ရှောင်ရှားသင့်ပါတယ်။ အစာအဆိပ်သင့်တတ်တဲ့သူတွေကတော့ အပ်မှိုကိုဂရုပြုစားသုံးသင့်ပါတယ်။

၃။ သွေးတွင်းသကြားဓာတ်ကျစေခြင်း

    သွေးတွင်းသကြားဓာတ်ကို လျော့ကျစေတာကြောင့် သွေးတွင်းသကြားပမာဏ ကျဆင်းလေ့ ရှိသူတွေ အပ်မှိုကိုအလွန်အကျွံစားသုံးခြင်း မပြုသင့်ပါဘူး။

၄။ ဘတ်တီးရီးယားကူးစက်ရောဂါ

    လတ်ဆတ်တဲ့မှိုကိုပဲ အမြဲစားသုံးသင့်ပြီး ပုပ်နေသော နွမ်းရိနေသောမှိုများကို မစားသုံးသင့်ပါဘူး။ ပလတ်စတစ်ပါကင်ဖြင့်ထုပ်ပိုးထားတဲ့ အပ်မှိုတံဆိပ်အချို့မှာ Listeria လို့ခေါ်တဲ့ ဘတ်တီးရီးယားပိုးများပါဝင်နေကြောင်း ၂၀၂၁ မေလ ၃၁ ရက်နေ့က သတင်းများထုတ်ပြန်ခဲ့ပါတယ်။ Listeria ဘတ်တီးယားပိုးဟာ မူးဝေအော့အန်ခြင်း၊ ပြင်းထန်စွာဖျားနာခြင်း၊ တစ်ကိုယ်လုံးနာကျင်ကိုက်ခဲခြင်းများအပြင် အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်ပါတယ်။ အဲ့ဒါကြောင့် ပလတ်စတစ်ပါကင်ထုပ်ပိုးထားတဲ့အပ်မှိုများကို မဝယ်ယူမီ သက်တမ်းကုန်ဆုံးရက်ကို စစ်ဆေးသင့်ပါတယ်။ အပ်မှိုအပြင် မည်သည့်မှိုမျိုးမဆို မဝယ်ယူမီ ပုပ်သိုးဆွေးမြေ့မှုရှိမရှိ စစ်ဆေးပြီး လတ်ဆတ်မှုရှိမှသာ ဝယ်ယူစားသုံးသင့်ပါတယ်။ 

    မှိုတွေဟာ super food လို့ တင်စားခေါ်ဆိုနိုင်သော်လည်းပဲ တန်ဆေးလွန်ဘေးဆိုသည့်အတိုင်း ချင့်ချိန်စားသုံးဖို့ တိုက်တွန်းလိုက်ရပါတယ်။


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်