အရည်အသွေးကောင်း စိုက်ပျိုးရေးသုတေသနဌာန (DAR) ၏ စပါးမျိုးသစ်များ

13/01/2021 14:02 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဝိုင်ကြူအာ - ၁၁ (YQR-11) 

အရည်အချင်း လက္ခဏာများ

- သက်တမ်း (၁၁၅ - ၁၂၀) ရက်

- တစ်ဧက (၁၀၀ - ၁၁၀) တင်းခန့် ထွက်ရှိခြင်း

- အထွက်ကောင်းခြင်း၊ အရည်အသွေးကောင်းခြင်း၊ အသက်လျင်ခြင်း

- ဆန်လုံးရှည်သွယ်၍ ဆန်သားကြည်ခြင်း

- စားသုံးရာတွင် နူးညံ့ခြင်း

- နွေနှင့် မိုး နှစ်ရာသီလုံး စိုက်ပျိုးဖြစ်ထွန်းခြင်း

 ကိုမိုင်ပါးလ် (KoMyPearl) 

အရည်အချင်းလက္ခဏာများ

- သက်တမ်း (၁၂၀ - ၁၂၅) ရက်

- တစ်ဧက (၁၁၀ - ၁၂၀) တင်းခန့် ထွက်ရှိခြင်း

- အမွှေးနံ့ အသင့်အတင့်ပါခြင်း

- စားသုံးမှု နူးညံ့ခြင်း

- ရာသီမရွေး စိုက်ပျိုးနိုင်သော  အရည်အသွေးကောင်းစပါးဖြစ်ခြင်း

ဝိုင်အေအာ - ၁၄ (YAR - 14)

အရည်အချင်းလက္ခဏာများ

- သက်တမ်း (၁၁၅ - ၁၂၀) ရက်

- တစ်ဧက (၉၀ - ၁၀၀) တင်းခန့် ထွက်ရှိခြင်း

- ရေငတ်ဒဏ်နှင့် ယိုင်လဲမှုဒဏ် ခံနိုင်ရည်ရှိခြင်း

- ရေအနည်းလို စပါးမျိုးသစ်ဖြစ်ခြင်း

- သာမန်စပါးမျိုးများထက် (၃၀- ၅၀)%  ရေလိုအပ်ချက်လျှော့ချနိုင်ခြင်း

မျိုးအသစ်စမ်းစိုက်ချင်လို့ ဝယ်ယူချင်ပါတယ်ဆိုရင်တော့

စပါးသီးနှံသုတေသနဌာနစု

စိုက်ပျိုးရေးသုတေသနဦးစီးဌာန

ရေဆင်း၊ နေပြည်တော်

ဖုန်း- ၀၆၇ ၃၄၁၆၅၃၅ မှာ စုံစမ်းနိုင်ပါတယ်။


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်