တမာရွက်ပြုတ်ရည်

26/01/2021 19:00 PM တွင် U Thein Su U Thein Su မှ ရေးသား ပြီး ဆုဆွေဖောင်ဒေးရှင်း ဆုဆွေဖောင်ဒေးရှင်း မှ ပေးပို့ထားပါသည်။

(၁) တမာရွက်လတ်လတ်ဆတ်ဆတ် ၆၀ ကျပ်သား

(၂)​ ရေ ၁ ဂါလံ

    တမာရွက်လတ်လတ်ဆတ်ဆတ်များကို နုပ်နုပ်စဉ်း၍ ရေထဲတွင်ထည့်ပြီး တစ်ညရေစိမ်ပါ။ (၂၄)​ နာရီ ရေစိမ်ပြီးပါက နောက်နေ့တွင် အရည်ကိုစစ်ယူပါ။ စစ်ရည်ကို (၄) ဂါလံရရှိအောင် ရေရောပါ။ ဆပ်ပြာမှုန့် နှစ်ကျပ်သားခန့် ရောစပ်ပြီး မွှေပေးပါ။ အရွက်များပေါ်တွင် စေးကပ်နေစေရန်ဖြစ်သည်။ ပြီးပါက ပက်ဖျန်းလို့ရပါသည်။

    နောက်တစ်နည်းမှာ တမာရွက်များကို ရေထဲတွင်ထည့်ပြီး နာရီဝက်ခန့်ဆူအောင် ကျိုပေးရသည်။ ထို့နောက် (၁၂) နာရီကြာ အအေးခံထားပါ။ အအေးခံပြီးပါက အရည်ကို စစ်ယူပါ။ ထိုအရည်ကို (၄) ဂါလံရအောင် ရောစပ်ပါ။ ထိုအရည်ထဲသို့ ဆပ်ပြာမှုန့် နှစ်ကျပ်သားခန့်ရောစပ်ပြီး ပက်ဖျန်းနိုင်သည်။ 

    တမာပိုးသတ်ဆေးရည်သည် ပျ၊ ဖြုတ်ပိုး၊ မွှားပင့်ကူနီ၊ ဖြုတ်၊ စိန်ကွက်ဖလံ၊ ခူနှင့် ပေါက်ဖတ် စသည့်ပိုးများကို ကာကွယ်နိုင်သည်။


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်