ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ဖို့ ဒါတွေကိုသတိပြုပါ

31/08/2019 08:00 AM တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 • တိရစ္ဆာန်များတွင်ကူးစက်ရောဂါဖြစ်ပွားလျှင်ဖြစ်စေ၊ ကူးစက်ရောဂါဖြစ်သည်ဟု သံသယရှိလျှင်ဖြစ်စေ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန (သို့မဟုတ်) ကျေးရွာ/ရပ်ကွက် အာဏာပိုင်သို့အမြန် အကြောင်းကြားပါ။

    • ရောဂါဖြစ်ပွားနေသောဝက်နှင့် အတူနေဝက်များကို သီးသန့်ခွဲခြားထားပါ။ ရောင်းချခြင်း၊ အခြားနေရာများသို့ သယ်ဆောင်ခြင်းမပြုရ။

    • ရောဂါဖြင့်သေဆုံးသောဝက်၏ အစိတ်အပိုင်းတစ်စုံတစ်ရာကို သယ်ဆောင်ခြင်း၊ လှီးဖြတ်ခြင်း၊ ရောင်းချခြင်း၊ စားသုံးခြင်းမပြုရ။

    • ရောဂါဖြင့်သေဆုံးသော ဝက်နှင့်အညစ်အကြေးများ၊ စားကြွင်းစားကျန်များနှင့် အသုံးအဆောင်ပစ္စည်းများကို မြေမြှုပ်မီးရှို့၍ ဖျက်ဆီးပါ၊ ရေမျှောခြင်း၊ မြစ်/ချောင်းနှင့် ရေတွင်းရေကန်အနီးမြေမြှုပ်ခြင်း မပြုရ၊

    • ပြန်လည်အသုံးပြု၍ရသော အသုံးအဆောင်ပစ္စည်းများကို ပိုးသတ်သန့်စင်ပြီးမှ ထပ်မံအသုံးပြုပါ။

    • မြေမြှုပ်သောနေရာ၊ မီးရှို့သောနေရာနှင့် ဝက်ခြံကိုမွေးမြူရေးလုပ်ငန်းသုံးပိုးသတ်ဆေးဖျန်းပေးပါ။

    • မွေးမြူရေးခြံများ၏ ဇီဝလုံခြုံမှုကို မြှင့်တင်ပါ။

    • တိရစ္ဆာန်၊ လူ၊ ယာဉ် စသည်တို့ဖြတ်သန်းသွားလာမှုကို ထိန်းချုပ်ပါ။

    • ဝက်ခြံလုပ်သားများအနေဖြင့် နှာခေါင်းစည်း၊ လက်အိတ် စသည်များအသုံးပြုပါ။ လက်ကို သေချာစွာ ဆေးကြောသန့်စင်ပါ။ တစ်ကိုယ်ရေသန့်ရှင်းရေးဆောင်ရွက်ပါ။

    • စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးများတွင် ရောင်းချသောဆိုင်မှ ဝက်သားကိုသာ ဝယ်ယူစားသုံးပါ။

    • ကူစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းအတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၏ အကူအညီကိုရယူပါ။

ဆက်သွယ်ရန်

ပြည်သူ့ကျန်းမာရေးဌာနခွဲ

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

ဖုန်းနံပါတ် - ၀၆၇-၄၀၈၄၆၃၊ ၀၆၇-၄၀၈၁၉၈

 


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်