World Antimicrobial Awareness Week(WAAW) အထိမ်းအမှတ်အဖြစ် မွေးမြူရေးကဏ္ဍအတွက် ပဋိဇီ၀ဆေးယဉ်ပါးမှုဆိုင်ရာ အသိပညာပေး အွန်လိုင်းဆွေးနွေးပွဲကို မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာ၀န်များအသင်းကဦးဆောင်၍ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၈) ရက်မှ (၂၄) ရက်အထိ ရက်သတ္တပတ်ကို ကမ္ဘာလုံးဆိုင်ရာ ပဋိဇီ၀ဆေးယဉ်ပါးမှု အသိပညာပေးရေးရက်သတ္တပတ် (World Antimicrobial Awareness Week - WAAW)အဖြစ် သတ်မှတ်၍ အသိပညာပေးဟောပြောပွဲများကို ကမ္ဘာတစ်၀န်းလုံးတွင် ဆောင်ရွက်လျက်ရှိပြီး၊ မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် နိုဝင်ဘာလ (၂၁) ရက်၊ စနေနေ့ နံနက် ၈:၀၀ နာရီမှ ညနေ ၄:၀၀ နာရီအချိန်တွင် အွန်လိုင်းဆွေးနွေးပွဲကျင်းပမည် ဖြစ်သည်။
ကမ္ဘာတစ်ဝှမ်းမှာ ပဋိဇီဝဆေးအလွန်အကျွံသုံးစွဲမှုတွေကြောင့် ပဋိဇီဝဆေးယဥ်ပါးမှုဖြစ်ပေါ်ပြီး ပြည်သူ့ကျန်းမာရေးအန္တရာယ်တွေ ကြုံတွေ့နေပါတယ်။ ဒါ့ကြောင့် ပဋိဇီဝဆေးယဥ်ပါးမှုအန္တရာယ်ကို သတိမူမိစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီအွန်လိုင်းဆွေးနွေးပွဲလေးကို ကျင်းပတာပါ။ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်က ဆရာ၊ ဆရာမတွေ၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက တာ၀န်ရှိသူတွေ၊ ပုဂ္ဂလိကကဏ္ဍက တာ၀န်ရှိသူတွေ ပါဝင်ဟောပြောမှာဖြစ်တဲ့အတွက် တကယ်အကျိုးရှိမယ့်ဆွေးနွေးပွဲတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူတွေကိုလည်း ဝင်ရောက်နားထောင်စေချင်ပါတယ်။
ဟု မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကုဆရာ၀န်များအသင်း ဥက္ကဌ ပါမောက္ခဒေါက်တာတင်ငွေ က ပြောသည်။
အဆိုပါ အွန်လိုင်းဆွေးနွေးပွဲ ဖြစ်မြောက်စေရန် မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်း(ဗဟို)မှ ဦးဆောင်၍ နိုင်ငံတကာအဖွဲ့အစည်းများဖြစ်ကြသည့် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO)၊ အာရှ တိရစ္ဆာန်ဆေးကုဆရာ၀န်များအဖွဲ့ချုပ် (Federation of Asian Veterinary Association - FAVA) တို့နှင့်အတူ ပြည်တွင်းရှိ အစိုးရအဖွဲ့အစည်းများဖြစ်သည့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ ပူးပေါင်းအားဖြည့်ထားကြောင်း သိရသည်။
ဒီ WAAW အထိမ်းအမှတ် အသိပညာပေးအွန်လိုင်းဆွေးနွေးပွဲ (Webinar) ကို မြန်မာနိုင်ငံတိရစ္ဆာန်ဆေးကုဆရာ၀န်များအသင်းက အဓိက ဦးဆောင်ကျင်းပတာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်အနေနဲ့လည်း ပူပေါင်းပါဝင်အားဖြည့်ထားပါတယ်။ မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် အသင်း၀င်တွေအပြင် မြန်မာတစ်နိုင်ငံလုံးမှာရှိကြတဲ့ မွေးမြူရေးလောကသားတွေ၊ တခြားစိတ်ပါဝင်စားသူတွေနဲ့ သတင်းမီဒီယာတွေကိုလည်း တက်ရောက်ဖို့အတွက် ဖိတ်ကြားလိုပါတယ်။ ဆွေးနွေးပွဲကို မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်ရဲ့ Facebook စာမျက်နှာဖြစ်တဲ့ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်ဖေ့ဘုတ်ပေ့ချ် မှာလည်း တိုက်ရိုက်ထုတ်လွှင့်ပေးမှာဖြစ်ပါတယ်။
ဟု မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ အကြံပေး ဒေါက်တာသက်ခိုင်က ပြောသည်။
စိတ်ပါဝင်စား၍ ဆွေးနွေးပွဲတက်ရောက်လိုသူများအနေဖြင့် အောက်ဖေါ်ပြပါ link တွင် ဝင်ရောက်ကြည့်ရှု၍ တက်ရောက်နိုင်ကြောင်း သိရသည်။
https://us05web.zoom.us/j/88498947776
Meeting ID: 884 9894 7776
Passcode: mva2020
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
CPP Fertilizer Company ကြော်ငြာ

ဟာမိုဇင်းပလပ်(စ်)

ဟော့(ပ်)ရိုး(လ်)

ကောင်စယ်

အီမီဒါနေး(လ်)

ပေါ်စီလန်