သြဂဲနစ်လမ်းညွှန်သင်တန်း ဖွင့်လှစ်သွားမည်

22/10/2019 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမာန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ ကြီးမှူး၍ သြဂဲနစ်လမ်းညွှန်သင်တန်းကို ဖွင့်လှစ်သွားမှာဖြစ်ကြောင်း အဆိုပါအသင်းမှ သိရပါတယ်။

   အခြေခံသြဂဲနစ်အကြောင်းကို သိစေရန်နဲ့ ဓါတုဆေးလွတ် သြဂဲနစ်အကြောင်းကို သိစေဖို့အတွက် ရည်ရွယ်ဖွင့်လှစ်တာဖြစ်တယ်လို့ သင်တန်းစီစဉ်သူ ဦးသက်ကြိုင်က ပြောပါတယ်။

   “အဓိကက အခြေခံအော်ဂဲနစ်အကြောင်းကို သိစေဖို့အတွက်နဲ့ ကယ်မီကယ်ကို စနစ်တကျသုံးစွဲတတ်ရင်တော့ ကောင်းတာပေါ့။ ဇီဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့အတွက် သြဂဲနစ်အကြောင်းကို သိစေချင်လို့ ရည်ရွယ်ပြီး ဖွင့်လှစ်တာပါ”

   အဆိုပါသင်တန်းကို အောက်တိုဘာလ (၂၄) ရက်နေ့မှ (၂၆)ရက်နေ့ထိ နံနက်(၉)နာရီမှ ညနေ (၄) နာရီခွဲထိ မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ် (၅) လွှာမှာ သင်ကြားပေးသွားမှာဖြစ်ကြောင်း အဆိုပါအသင်းမှသိရပါတယ်။

   သြဂဲနစ်လမ်းညွှန်သင်တန်းကို တက်ရောက်လိုသူ၊ စိတ်ပါဝင်စားလိုသူများအနေနဲ့ ဖုန်းနံပါတ် ၀၁-၂၁၈၃၆၇ နဲ့ ၀၉- ၅၄၀၂၈၉၅ ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမာန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်