မိန်းမသားမို့ ကန့်လန့်ကာနောက်ကွယ်မှာ မနေချင်တော့ဘူးဆို...

10/05/2022 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ငါဟဲ့မိန်းမ..အားတော့နွဲ့ရင်နွဲ့မယ်..ဇွဲနဲ့ ဗဟုသုတတော့ မနွဲ့ဘူးဟဲ့ ဆိုပြီး 

ပြန်ပက်ကြချင်လားရှင့်..😇

အခုခေတ်မှာနော်..

အမျိုးသမီးတွေနော်.. 

ကန့်လန့်ကာနောက်ကွယ်မှာချည်း နေနေတယ်ဆိုရင်တော့နော်..

သေချာပြီ..။ သင်.. ခေတ်နဲ့ ပြတ်ကျန်နေပြီပဲ မိန်းကလေး..😌 😌

‘ စီးတဲ့ရေ ဆည်တဲ့ကန်သင်း’ တဲ့😊

အိမ်တစ်အိမ်ရဲ့ စီးပွားရေးဟာ အိမ်ရှင်မရဲ့ ထိန်းသိန်းတတ်မှုပေါ် အများကြီးမူတည်တယ်လို့ ဆိုထားတာပေါ့။ အခုများတော့ အာ့နဲ့တင်မဟုတ်တော့ဘူး🙁

ထက်မြက်တဲ့မိန်းမဆိုတာ ယောကျ်ားတွေကို အကြံဉာဏ်ပေးရတဲ့ ဆရာမကြီးတွေပါလုပ်လာရပြီ😅 😂

ကိုယ်တိုင်လည်း ယောကျ်ားထုတွေ လုပ်ချင်စိတ်နည်းတဲ့ တန်ဖိုးမြှင့်ထုတ်ကုန်တွေထုတ်ပြီး ဝင်ငွေရှာတဲ့နေရာမှာ ရင်ပေါင်တန်းလာနေကြပြီ😌

ကဲ..ဆိုတော့..ဟုတ်ပါပြီ..။ ကျွန်မတို့က ဘာမှဟုတ်တိပတ်တိတတ်တာဟုတ်ဘူးရယ်လေ .. လို့ ပြောတော့မယ်မလား😒 😏

ဒါတော့မပူနဲ့...။ အစိမ်းရောင်လမ်းက ဖရီးကူညီပေးမယ်ရှင့်....✌️

အစိမ်းရောင်လမ်းဆော့ဝဲမှာ အခမဲ့ဝင်ဂျွိုင်း..စိုက်နည်းပျိုးနည်းဗဟုသုတတွေ၊ တန်ဖိုးမြှင့်ထုတ်ကုန် လုပ်နည်းတွေ၊ အစာလည်းဆေးဆိုသလို ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဗဟုသုတတွေကိုဖုန်းလေးတစ်လုံးရှိရုံနဲ့ အစုံ၊ အစုံ ဝင်ဖတ်လို့ရတယ်📱

ဒါတင်ဘယ်ကမလဲ😉

နေ့စဉ် သီးနှံဈေးနှုန်းတွေကိုကြည့်...... ချစ်ချစ်ကြီးတို့ကို ဈေးကွက်အကြံပေး😁

ဈေးတန်းကြီးထဲမှာ ကိုယ်တိုင်ဈေးတက်ရောင်း... အာ့လို အာ့လိုတွေလည်း လုပ်လို့ရသေး😎

လုပ်ရင်းကိုင်ရင်း အဆင်မပြေလို့ ပို့စ်လေးကောက်တင်လိုက်ရင်လည်း ပညာရှင်တွေက ဝိုင်းဖြေကြတော့ အိုကေမှာ စိုပြေပဲ..🥳

ဒေတာစားကလည်း ဖေ့စ်ဘုတ်ထက် ၇ ဆ နီးပါးသက်သာသေးတယ်ရှင့်🤗

ဒါတင်ဟုတ်သေးဘူး။ အစိမ်းရောင်လမ်းက အထူးအစီအစဉ်လေးတစ်ခုကိုလည်း ပေးချင်သေးတယ်ရှင့်🎁 🎁

⛔️ အဲ့ဒါကတော့ ဆော့ဝဲအသုံးပြုနေတဲ့အမျိုးသမီးတွေအနေနဲ့ သုံးနေကြောင်းမိမိရဲ့ ပရိုဖိုင်ကိုစခရင်ရှော့ရိုက်ပြီး ဖေ့ဘွတ် မှာတင်ထားတဲ့ ပို့စ်ရဲ့အောက်မှာမန့်ပေးရမှာပါ👇

 

https://www.facebook.com/253971231328679/posts/5109575402434880/

 

အဲ့ဒီထဲက ၁၀ ခုကို မဲနှိုက်ပြီး ဗွေဆော်ဦးစိုက်ပျိုးရေးဆိုင်က စာအုပ်တွေကို အိမ်တိုင်ရာရောက် လက်ဆောင်လည်း ပေးဦးမယ့်အစီအစဉ်လေးပါရှင့်🤗

ကဲ..ဒီတော့.. အမျိုးသမီးတို့ရေ..။ အကောင့်မဖွင့်ရသေးရင်လည်း အခုပဲဖွင့်ပြီးကံစမ်းလိုက်ပါနော် 😇

ဘာမှအရှုံးမရှိဘူးဆိုတာ ရဲရဲကြီးအာမခံပါတယ်ရှင့်.........😎 😊


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်