အစားအစာဘေးကင်လုံခြုံပြီး အဟာရပြည့်ဝသော စိုက်ပျိုးရေးထွက်ကုန်များ ဖူလုံစွာစားသုံးနိုင်ရေး

20/02/2019 12:46 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

     မြန်မာ အော်ဂဲနစ် စံချိန်စံညွှန်းဖြင့် ထုတ်လုပ်သော ဟင်းသီးဟင်းရွက်နှင့် သစ်သီး၀လံများ ကိုထုတ်လုပ်သူနှင့် စားသုံးသူ ပြည်သူများအကြား ယုံကြည်အားကောင်းစေရန် အော်ဂဲနစ် တံဆိပ်တင် ရောင်းချနိုင်မည့် အသိအမှတ်ပြု လက်မှတ်ကို စိုက်ပျိုးရေးဦးစီးဌာနမှ ထုတ်ပေးသွားမည် ဖြစ်၍ တောင်သူများ ကြိုတင်လျှောက်ထားနိုင် ပြီဟု သိရသည်။ 

“တောင်သူတွေကို အော်ဂဲနစ်လက်မှတ် ထုတ်ပေးသွားပါမယ်။ ဒီအတွက် တောင်သူတွေအ နေနဲ့ လျှောက်မယ်ဆိုရင် လျှောက်လို့ရပါပြီ။ လက်ရှိမှာလည်း အော်ဂဲနစ် စိုက်ပျိုးတဲ့သူတွေလည်း ရှိနေ ပါပြီ။ ကျွန်တော်တို့ စိုက်ပျိုးရေး ဦးစီးဌာန အနေနဲ့ ဒီ Process ကို ဆက်တိုက်လုပ်သွားမှာ ဖြစ်ပါ တယ်။ လက်ရှိမှာ အော်ဂဲနစ်ကို စစ်ဆေးတဲ့ အဖွဲ့ (Inspection Team) တွေက မတိုင်းဒေသကြီးနဲ့ ပြည်နယ်မြို့နယ် စိုက်ပျိုးရေးရုံး တွေမှာ ယခင်ရှိနေပြီးသား ဖြစ်ပါတယ်။ ဒီအဖွဲ့တွေကနေ အော်ဂဲနစ် စံ ချိန်စံညွှန်း အတိုင်းဒေသအလိုက် လျှောက်ထားတဲ့အပေါ်မှာ စစ်ဆေးပြီးတော့မှ အော်ဂဲနစ်နဲ့ ပတ်သတ် ပြီး လိုက်နာရမယ့် ကဏ္ဍခြောက်ခုနဲ့ လုပ်ဆောင်ရမယ့် အပိုင်းတွေကို စီစဥ်နေပါပြီ”ဟု စိုက်ပျိုးရေး ဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးလှမြင့်အောင်က ပြောသည်။ 

          အော်ဂဲနစ် စံချိန်စံညွှန်းဖြင့် ထုတ်လုပ်ထားသော ဟင်းသီးဟင်းရွက်နှင့် သီးနှံများသည် အ ရည်အသွေး အရည်အချင်းအရ စားသုံးသူများအတွက်ဘေးအန္တရာယ် ကင်း၊ ဓာတုကင်းလွတ် သီးနှံများ အဖြစ် စားသုံးနိုင်ကြောင်းကို စိုက်ပျိုးရေး ဦးစီးဌာနက အာမခံ ပေးထားကြောင်း သိရသည်။ 

        “ဒီနေ့ ကျွန်တော်တို့ ပတ်၀န်းကျင်မှာက ဓာတုပစ္စည်းတွေ သုံးလာတာနဲ့အမျှ ပိုးသတ်ဆေး ဓာတ်ကြွင်း တွေမြင့်တာတို့ ဓာတ်မြေဩဇာတွေ အလွန်အကျွံ သုံးတာတို့ ကြောင့် လူထုရဲ့ ကျန်းမာရေး ဆိုးကျိုးပြသာနာက ရှိနေပါတယ်။ ဒါတွေ ကင်းလွတ်ဖို့က အော်ဂဲနစ်နဲ့ ထုတ်မယ်ဆိုရင် သာမာန် ထုတ် လုပ်တာထက် အထွက်နှုန်းက ကျလာတယ်။ ကျလာတဲ့အမျှ သူ့အတွက် ထိုက်တန်တဲ့ ဈေးနှုန်းအပြင် ခိုင်မာတဲ့ ဈေးကွက်ရှိဖို့လည်း လိုပါတယ်။ ဒါမှ စိုက်ပျိုးထုပ်လုပ်တဲ့ တောင်သူလည်း ခံသာမှာ ဖြစ်ပါ တယ်။ အခုအခါမှာ ဒေသအလိုက် အော်ဂဲနစ် သီးနှံထုတ်ကုန် ရောင်းချတဲ့ ဆိုင်ကြီးတွေ၊ စီးတီးမတ်ခ် တွေနဲ့ အခြားဆိုင်ကြီးတွေ ပေါ်ပေါက်နေပါပြီ။ ဒါကို အားပေးဖို့ လိုသလို ယုံကြည်စွာနဲ့ စားသုံးကြဖို့ လို အပ်ပါတယ်ဟု ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးလှမြင့်အောင် က ပြောကြားသည်။ 

MOALI ပြန်ကြားရေး


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်