ဝက်ခြံနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေး

09/10/2019 17:00 PM တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှ ရေးသား ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှ ပေးပို့ထားပါသည်။

   မွေးမြူရေးခြံ၊ အတွင်း အပြင် ပတ်ဝန်းကျင် အသုံးအဆောင်ပစ္စည်းများ၊ အစာခွက်၊ ရေခွက်များ၊ အမြဲသန့်ရှင်းမှု ရှိရမည်။ ဝက်ခြံထိန်းသိမ်းစောင့်ရှောက်သူများလည်း သန့်ရှင်းမှုရှိရန်လိုအပ်သည်။ ဝက်ခြံသည် သန့်ရှင်းခြောက်သွေ့၍ အရိပ်အာဝါသရှိအောင် ဆောင်ရွက်ပေးရမည်။  ခြံတွင်း ယင်နှင့် အနံ့အသက်များ လျော့နည်းစေရန် EM ဖျော်ရည် ပုံမှန်သုံးစွဲပေးရမည်။ ဝက်ငယ်များ မွေးပြီးရက်တွင် အနွေးဓာတ်ပေးခြင်း၊ မီးထွန်းပေးခြင်းများ ပြုလုပ်ပေးရမည်။ ဝက်ခြံတွင် ထိခိုက်ဒဏ်ရာရစေမည့်ပစ္စည်းများ မထားရ။ ရေစီးရေလာ၊ အညစ်အကြေးများ အလွယ်တကူစီးဆင်းနိုင်ရန် ခြံပတ်ဝန်းကျင်တွင် ရေနုတ်မြောင်းများ ထားရှိရမည်။ အစာ၊ ရေနှင့် အားဖြည့်ဆေးဝါးများ၊ ဝက်များကို ကျွေးသောအစာတွင် ဒေသထွက်ပစ္စည်းများဖြင့် အာဟာရဓာတ်ပြည့်စုံစေရန် စီစဉ်ဆောင်ရွက်ရမည်။ 

   ဝက်စာအဖြစ် မီးဖိုချောင်ထွက်ပစ္စည်းများ (ထမင်းဆိုင်များမှ စွန့်ပစ္စည်း) ကျွေးမွေးပါက ကျိုချက်ကျွေးမွေးရမည်။ အစာကို အပိုအလိုမရှိ သင့်တင့်မျှတစွာ ကျွေးမွေးသင့်သည်။ သေးငယ်ကြုံလှီသော ဝက်ငယ်များကို သီးခြားအစီအစဉ်ဖြင့် ကျွေးရမည်။ အစာခွက်ကို အစာကျွေးတိုင်း သန့်ရှင်းပေးရမည်။ နို့စို့ဝက်ငယ်များကို သီးခြားစီ အစာခွဲကျွေးပါ။ ဝက်များအတွက် အဓိကကျသောအစာ အရင်ကျွေးပါ။ ပြီးမှ အစာစိမ်းကျွေးပါ။ 

   အစာတွင် ချို့တဲ့အာဟာရဓာတ်များအတွက် အစားထိုး ဖြည့်စွက်ဆေးဝါးကျွေးရမည်။ သောက်သုံးရေသည် သန့်ရှင်းပြီး လိုအပ်လျှင် သောက်သုံးနိုင်ရန် အချိန်တိုင်း ရရှိစေရမည်။ မွေးမြူထားသော ဝက်ကောင်ရေကိုမူတည်ပြီး ရေသိုလှောင်ကန်များ၊ အသုံးပြုပစ္စည်းများ လုံလောက်မှု ရှိရမည်။ အခြောက်ကျွေးစနစ်ကို ကျင့်သုံးပါက သောက်ရေပိုမိုတိုက်ကျွေးရမည်။ ရေကို အစာခွက်ဖြင့် မထည့်ပါနှင့်။ သီးခြားရေခွက်ထားရှိရမည်။ ပလတ်စတစ်ပိုက်ခေါင်းနှင့် တပ်ဆင်ထားလျှင် ပိုကောင်းမွန်စေပါသည်။ ရေခွက်အသုံးပြုပါက ရေထည့်တိုင်း သန့်ရှင်းပေးရမည်။ ရေခွက်များအသုံးပြုပါက ဝက်များဆင်းမအိပ်ရန် စီစဉ်ထားရမည်။ ဝက်များရေသောက်နှုန်းမှာ ပျမ်းမျှ ဝက်ငယ် တစ်နေ့  နှစ်လီတာ၊ ဝက်ကြီး တစ်နေ့ ၂ ဒသမ ၅ လီတာ၊ ကိုယ်ဝန်ရှိသော ဝက်မ တစ်နေ့ သုံးလီတာ၊ ဝက်မနှင့်ဝက်လေးမိသားစု တစ်နေ့ ၁၆ လီတာမှ ၂၀ လီတာ၊ ဝက်များ၏ တစ်နေ့ရေသောက်နှုန်းသည် ၎င်းတို့ ပုံမှန်စားနေကြ အစာခြောက်၏ လေးဆဖြစ်သည်။

ဒို့ကျေးရွာဂျာနယ်မှ ကူးယူဖော်ပြပါသည်။


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်