အီသိုင်လင်း (Ethylene)

01/02/2019 17:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

သူကတော့အပင်တွေမှာ အငွေ့အနေနဲ့တွေ့ရတဲ့ ဟော်မုန်းပါပဲ။ သဘာဝအတိုင်းဖြစ်ပြီးတော့ အငွေ့ပျံတာ အရမ်းလွယ်ပါတယ်။ လောင်စာဆီ (Petro) လောင်ကျွမ်းတာကနေ ပြောင်းလဲပြီးတော့ ထုတ်လုပ်နိုင်ပါတယ်။ အသီးတွေမှည့်တဲ့အခါမျိုး၊ အပင်တွေရေမြုပ်နေတဲ့အခြမျိုး၊ ဖိအားတွေခံတဲ့အခြမျိုး၊ အိုမင်းလာတဲ့အချိန်အခါမျိုးတွေမှာ အများကြီးထုတ်လုပ်ပါတယ်။

စီးပွားရေးအရ အီသိုင်လင်းကို ဘယ်လိုတွေ သုံးနေတာလဲ?

အီသဖွန် (Ethephon) ဒါမှမဟုတ် အီသရယ် (Ethrel) အနေနဲ့ ပက်ဖျန်းပေးကြတာဖြစ်ပါတယ်။

၁။ နာနတ်လိုအပင်တွေမှာ ပန်းပွင့်စေဖို့ အသုံးပြုကြပါတယ်။

၂။ ခရမ်းချဉ်နဲ့ ငှက်ပျောသီးတွေ အမှည့်မြန်စေဖို့အတွက်လည်း သုံးနေကြပါတယ်။

၃။ ရှောက် သံပုရာမျိုးနွယ်တွေမှာဆိုရင်လည်း အသီးတွေစိမ်းစိုဖို့အတွက် သုံးနေကြပါတယ်။

၄။ ချယ်ရီသီးတွေမှာဆိုရင် ရင့်မှည့်မှုညီညာဖို့အတွက်ကိုလည်း သုံးနေကြပါတယ်။

၅။ စည်သွပ်ဘူးလို ယိုလို စတဲ့ထုတ်ကုန်တွေထုတ်တဲ့ ခရမ်းချဉ်မျိုးတွေမှာဆိုရင်လည်း အရောင်လှအောင်လို့ အီသိုင်လင်းကို သုံးပေးနေကြပါတယ်။

Htunn Win Kyaw

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်