လပြည့်၊ လကွယ်ခြင်းဖြစ်စဉ်ကိုလိုက်ပြီး သီးနှံများရွေးချယ်စိုက်ပျိုးခြင်း

30/06/2021 15:00 PM တွင် ထွန်းရာဇာ ထွန်းရာဇာ မှ ရေးသား

    သီးနှံပင်တွေစိုက်ပျိုးဖို့အတွက်ဆိုရင် ရေ၊ မြေ၊ လေ ပတ်ဝန်းကျင်နဲ့ ရာသီဥတုအခြေအနေပေါ်မူတည်ပြီး စိုက်သင့် မစိုက်သင့် ဆုံးဖြတ်ရလေ့ရှိပါတယ်။ အများအားဖြင့်တော့ တိမ်ထူရက်၊ နေပူရက်၊ မိုးရွာရက်၊ လေတိုက်ရက် စသည်ဖြင့် တွက်ချက်ကာ သီးနှံတွေရွေးချယ်ပြီး စိုက်မည့်ရက်ကို ဆုံးဖြတ်ကြရတာပါ။ ဒါပေမယ့် အခုကတော့ လူသိနည်းသေးတဲ့ လထွက်ခြင်း၊ လပြည့်ခြင်း၊ လကွယ်ခြင်း စတဲ့ရက်တွေပေါ်မူတည်ပြီး သီးနှံများရွေးချယ်စိုက်ပျိုးအကြောင်းကို ပြောပြပေးခြင်ပါတယ်ဗျ။

လစဉ်တိုင်းရဲ့လဆန်း(၁)ရက်နေ့မှ လဆန်း(၇)အတွင်းမှာဆိုရင်- လရဲ့ဆွဲငင်အားကြောင့် မြေကြီးထဲမှာရှိတဲ့ အစိုဓာတ်တွေဟာ မြေဆီလွှာရဲ့အပေါ်ယံအလွှာကို ရောက်ရှိလာကြပါတယ်။ ဒီလိုအစိုဓာတ်တွေရောက်ရှိလာမှုကြောင့် အစေ့တွေ အညှာက်ပေါက်မှုကို အားကောင်းစေပြီး မြေဆီလွှာရဲ့အပေါ်ယံလေးမှာ စိုက်ရတဲ့ ဆလပ်၊ ပန်းဂေါ်ဖီ၊ဂေါ်ဖီထုပ်၊ နံနံပင်၊ ဟင်းနုနွယ်စတဲ့ တစ်ရာသီခံ အရွက်စားဟင်းရွက်ပင်တွေကို စိုက်ပျိုးဖို့ အကောင်းဆုံးအချိန်ပါ။

လဆန်း(၇)ရက်နေ့မှ လပြည့်နေ့အထိ- ဒီရက်တွေအတွင်းမှာဆိုရင်လည်း လရဲ့အလင်းရောင်က အားကောင်းနေပြီး ကမ္ဘာမြေကြီးရဲ့ဆွဲငင်အား လျော့ကျလျှက်ရှိပါတယ်။  အသီးစားပင်တွေဖြစ်တဲ့ ပဲအမျိုးမျိုး၊ သခွားမွှေး၊ ဖရဲသီး၊ ငရုတ်၊ ခရမ်းချဉ်သီး စတဲ့အပင်တွေ စိုက်သင့်ပါတယ်။

လပြည့်ကျော်(၁)ရက်နေ့မှ (၇)ရက်နေ့- ဒီရက်တွေအတွင်းမှာဆိုရင် လရဲ့အလင်းရောင်လျော့ကျလာပြီး ကမ္ဘာမြေကြီးရဲ့ဆွဲငင်အား ပြန်တက်လာပါတယ်။ အစိုဓာတ်က မြေအောက်ပိုင်းမှာပိုရှိပြီး အမြစ်တွေအောက်ဘက်ကို ဖွံ့ဖြိုးစေကာ ဥစားသီးနှံတွေဖြစ်တဲ့ အာလူး၊ ဥနီ၊ မုန်လာဥ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ စတဲ့ သီးနှံပင်တွေကို စိုက်ပေးသင့်ပါတယ်။

လပြည့်ကျော်(၇)ရက်မှ လကွယ်နေ့အထိ- ဒီရက်တွေအတွင်းမှာဆိုရင်တော့ လနဲ့ကမ္ဘာမြေကြီးရဲ့ဆွဲအားတွေ လျော့ကျနေပြီး (resting period)လို့ခေါ်ကာ သီးနှံပင်တွေစိုက်ရင် ဖွံ့ဖြိုးမှုနှေးကွေးတာမို့ မစိုက်သင့်ပါဘူး။ ရွှေ့စိုက်တာ၊ မြေဩဇာကျွေးတာနဲ့ ရိတ်သိမ်းဖို့အတွက်တော့ သင့်တော်တဲ့ အချိန်တွေပါ။

    လထွက်ခြင်း၊ လပြည့်ခြင်းဖြစ်စဉ်ကိုလိုက်ပြီး သီးနှံပင်တွေစိုက်ပျိုးခြင်းက အပင်တွေပိုသန်မာပြီး အထွက်ကောင်းတယ်လို့ ရှေးလူကြီးတွေကတော့ အခိုင်မာယုံကြည်ကြပါတယ်။ တချို့ကတော့ ဒီလိုတွေစိုက်ခြင်းဟာ စိတ်ကူးယဉ်ဆန်တာသက်သက်ဆိုပြီး လက်မခံသူတွေလည်း ရှိပါတယ်။ ဒါပေမယ့် များစွာသော သီးနှံစိုက်ပျိုးသူတွေကတော့ လထွက်ခြင်းဖြစ်စဉ်ကိုလိုက်ပြီး စိုက်ပျိုးခြင်းဟာ အမှန်တကယ်အလုပ်ဖြစ်ကြောင်း  ပြောလာကြပါတယ်။ ဒါ့အပြင် နိုင်ငံတကာမှာလည်း အပင်တွေစိုက်ခြင်းအပေါ် လရဲ့ အကျိုးသက်ရောက်မှုကို စမ်းသပ်ချက်တွေပြုလုပ်ကြည့်တဲ့ အခါမှာတော့ အမှန်တကယ်အကျိုးရှိပြီး အထွက်နှုန်းတိုးကြောင်း ရေးသားထားပါတယ်။ ကျွန်တော်တို့ တောင်သူဦးကြီးတွေလည်း လထွက်ခြင်းဖြစ်စဉ်အတိုင်း စမ်းသပ်စိုက်ကြည့်ဖို့ အကြံပြုလိုပါတယ်။

Ref; https://www.gardeningknowhow.com/garden-how-to/info/how-to-plant-by-moon-phases.htm

https://www.gardeningbythemoon.com/moon-phase-gardening/


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်