ဆီးချိုသမားတွေအတွက်သင့်တော်တဲ့ ကျွဲကောသီး

27/09/2021 11:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

    ဆီးချိုသမားတွေအတွက်ကတော့ ကျွဲကောသီးဟာ သွေးတွင်းအချိုဓာတ်ကို ကူညီလျော့ချပေးနိုင်တဲ့အသီးပါ။ အစားစားချင်စိတ်ကို လျော့နည်းစေတဲ့ အင်ဆူလင်ထုတ်လွှတ်မှုကိုလည်း လျှော့ချပေးပါတယ်။ အစားစားချင်စိတ် ဖြစ်ပေါ်လာတဲ့အခါမှာလည်း ကစီဓာတ်စားချင်စိတ်ကို လျော့နည်းစေလို့ သွေးတွင်းအချိုဓာတ်ဖြစ်ပေါ်မှုကို လျော့ပါးစေပါတယ်။

    ဒါ့ကြောင့်ပဲ ဝတဲ့သူတွေအတွက်လည်း ကျွဲကောသီးက ဝိတ်ကျဖို့ အထောက်အကူပြုစေပါတယ်။ သွေးတွင်းအချိုဓာတ်ကို လျှော့ချပေးတဲ့အပြင် သွေးတွင်းကိုလက်စထရောကို လျှော့ချပေးလို့ သွေးတိုး၊ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ်ပွားနိုင်မှုကို နိမ့်ကျစေပါတယ်။ ကျွဲကောသီးမှာပါဝင်တဲ့ Vitamin C နဲ့ ပိုတက်ဆီယမ်က ကိုယ်ခန္ဓာအတွင်းရှိ မကောင်းတဲ့ဓာတ်တွေကို ဆီးအဖြစ် စွန့်ထုတ်ရာမှာလည်း အကူအညီပေးပါတယ်။

    ဆီးချိုသမားတွေဖြစ်လေ့ရှိတဲ့ နာဗ်ကြောနဲ့ဆိုင်တဲ့ပြဿနာတွေကိုလည်း ကျွဲကောသီးက ကူညီပေးနိုင်ပါတယ်။ ကျွဲကောသီးမှာပါတဲ့ ပိုတက်ဆီယမ်က ကြွက်သားတွေကို တင်းတင်းရင်းရင်းဖြစ်စေလို့ ဆီးချိုကြောင့်ဖြစ်တဲ့ ခန္ဓာကိုယ်တွဲကျတာတွေကို လျော့နည်းစေပါတယ်။ ကျွဲကောသီးမှာပါဝင်တဲ့ Flavonoids ဓာတ်ကလည်း ပန်ကရိယ၊ ရင်သား၊ အူ စတဲ့နေရာတွေမှာ ကင်ဆာဆဲလ်နဲ့ အကျိတ်တွေမဖြစ်စေဖို့ ကူညီပေးပါတယ်။

    ဆီးချိုရှိတဲ့သူတွေဟာ ချူချာကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ခန္ဓာကိုယ်ဟာ လိုအပ်တဲ့အာဟာရဓာတ်တွေကို သေသေချာချာမစုပ်ယူနိုင်တဲ့အတွက်ပါ။ ဒီပြဿနာတွေအတွက်လည်း ကျွဲကောသီးက ကိုယ်ခံအားကို ဖြည့်တင်းပေးခြင်းဖြင့် ဖြေရှင်းပေးပါတယ်။ 

Source - My Food Myanmar


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်