တိုင်ကီအရောင်က ကကတစ်ငါးအရည်အသွေးအပေါ် သက်ရောက်မှုရှိဟုဆို

26/02/2020 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ငါးမွေးကန် (တိုင်ကီ) အရောင်သည် ကကတစ်ငါးအရည်အသွေးအပေါ် ကြီးကြီးမားမားသက်ရောက်မှုရှိကြောင်း ထိုင်းသုတေသီအဖွဲ့က လက်တွေ့ပြသလိုက်သည်။

    သုတေသီများသည် ပျှမ်းမျှ ၁၆ ဂရမ်လေးသော ကကတစ်ငါးငယ်များကို အကြည်၊ အဖြူ၊ အနက်၊ အနီ၊ အစိမ်းနှင့် အပြာရောင် (၆) မျိုးခွဲထားသော တိုင်ကိ (၁၈) ခုသို့ ထည့်သွင်းမွေးမြူခဲ့သည်။ ထို့နောက် ကြီးထွားနှုန်း၊ အစာအသုံးချမှု၊ အစာခြေဖျက်သော အင်ဇိုင်းလုပ်ဆောင်ချက်များ၊ အသားအရည်အသွေး၊ အဆီ၊ အသားအရိုးနှင့် အခြားတစ်ရှူးများပါဝင်မှုအချိုး ၊ သွေးနီဥ၊ သွေးဖြူဥနှင့် ဟေမိုဂလိုဘင်ပါဝင်မှုကဲ့သို့ သွေးစစ်ချက်များအား နှိုင်းယှဉ်ခဲ့သည်။

    ၁၀ ပတ်ကြာပြီးနောက် အကြည်၊ အဖြူ၊ အနက်နှင့် အစိမ်းရောင်နောက်ခံတွင်မွေးသော ငါးများတွင် ကြီးထွားနှုန်းနှင့် အစာအသုံးချမှုအပေါ် အပြုသဘောသက်ရောက်ပြီး အနီနှင့် အပြာရောင်နောက်ခံတွင်မွေးသော ငါးများတွင် အနှုတ်သဘောသက်ရောက်ကြောင်း တွေ့ရှိခဲ့သည်။

    အသားအရည်အသွေးသည် အဖြူ၊ အနက်၊ အစိမ်းနောက်ခံနှင့်မွေးသောငါးတွင် သိသိသာသာတိုးတက်ပြီး myosin နှင့် actin ပရိုတိန်းပမာဏမှာ အရောင်ခြောက်မျိုးစလုံးတွင် ကွဲပြားမှုမရှိပေ။

    ကကတစ်ငါးမွေးမြူရန် အသင့်တော်ဆုံးနောက်ခံအရောင်သည် အနက်ရောင်ဖြစ်ပြီး ယင်းနောက်တွင် အဖြူနှင့် အစိမ်းရောင်တို့လိုက်ကြောင်း၊ အကြည်၊ အနီနှင့် အပြာရောင်နောက်ခံတို့မှာ မသင့်တော်ကြောင်း သုတေသီများက ကောက်ချက်ချခဲ့သည်။ 

Source – ငွေပင်လယ်စာစောင် အတွဲ (၁၂)၊ အမှတ်စဉ် (၂) မှကောက်နုတ်ဖော်ပြပါသည်။


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်