ရိတ်သိမ်းချိန်လွန်နည်းပညာသင်တန်းကျောင်းတွင် သင်တန်းတက်ရောက်ရန် ဖိတ်ခေါ်

07/12/2018 19:09 PM တွင် စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန မှ ရေးသား

၁။ စိုက်ပျိုးရေးဦးစီးဌာန၊ ဥယျာဉ်ခြံ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲလက်အောက်ရှိ ထုံးဘို၊ ရိတ်သိမ်းချိန်လွန်နည်းပညာ သင်တန်းကေျာင်းတွင် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ၏ ရိတ်သိမ်းချိန်လွန်နည်းပညာ၊ ရိတ်သိမ်းချိန်လွန် ဇီဝကမ္မဗေဒ၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အထများ၊ ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်းနည်းပညာ၊ ရွေးချယ်ခြင်းနှင့် အတန်းအစားခွဲခြားခြင်းနည်းပညာ၊ ထုပ်ပိုးခြင်းနည်းပညာ၊ သိုလှောင်ခြင်းနည်းပညာ၊ အော်ဂဲနစ်နည်းပညာ၊ အစားအစာများ ပြုပြင်မွမ်းမံခြင်းနည်းပညာ၊ ဈေးကွက်စီးပွားရေးနည်းပညာ ဘာသာရပ်များအား ဆွေးနွေးပို့ချသွားမည်ဖြစ်ပါ၍ တောင်သူများ၊ ပွဲစားများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ သယ်ယူပို့ဆောင်သူများ၊ ရောင်းချသူများ၊ စိတ်ပါဝင်စားသူ မည်သူမဆို ကြိုတင်စာရင်းသွင်း တက်ရောက်နိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။ (သင်တန်းကြေး အခမဲ့ ဖြစ်ပါသည်။)

၂။ အောက်ဖော်ပြပါ သင်တန်းနေ့ရက်များအတွက် ဆက်သွယ်စုံစမ်း စာရင်းပေးသွင်းနိုင်ပါသည်။ 

သင်တန်းဖွင့်လှစ်မည့်ရက်စွဲ

- ၂၆-၁၂-၂၀၁၈ ရက်မှ ၂၈-၁၂-၂၀၁၈ ရက်ထိ

- ၂၂-၁-၂၀၁၉ ရက်မှ ၂၄-၁-၂၀၁၉ ရက်ထိ

- ၂၆-၂-၂၀၁၉ ရက်မှ ၂၈-၂-၂၀၁၉ ရက်ထိ

- ၂၇-၃-၂၀၁၉ ရက်မှ ၂၉-၃-၂၀၁၉ ရက်ထိ

- ၃-၄-၂၀၁၉ ရက်မှ ၅-၄-၂၀၁၉ ရက်ထိ

- ၂၈-၅-၂၀၁၉ ရက်မှ ၃၀-၅-၂၀၁၉ ရက်ထိ

- ၂၅-၆-၂၀၁၉ ရက်မှ ၂၇-၆-၂၀၁၉ ရက်ထိ

- ၂၄-၇-၂၀၁၉ ရက်မှ ၂၆-၇-၂၀၁၉ ရက်ထိ

- ၂၇-၈-၂၀၁၉ ရက်မှ ၂၉-၈-၂၀၁၉ ရက်ထိ

- ၂၄-၉-၂၀၁၉ ရက်မှ ၂၆-၉-၂၀၁၉ ရက်ထိ

ဆက်သွယ်ရန် ဖုန်း - ၀၉-၅၃၂၂၅၄၅၊ ၀၉- ၄၃၀၆၀၆၉၂၊ ၀၉-၄၄၃၀၆၀၆၉၂၊ ၀၉- ၃၃၈၅၀၅၉၄၊ ၀၉-၉၆၅၂၄၅၀၉၆၊ ၀၉-၄၂၂၂၉၈၀၆၁

 

စိုက်ပျိုးရေးဦးစီးဌာန၊ ဥယျာဉ်ခြံဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ၊ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊

ထုံးဘို၊ ရိတ်သိမ်းချိန်လွန် နည်းပညာသင်တန်းကျောင်း

 


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်