"သစ်သီးဝလံစားသုံးပေးခြင်းဖြင့် ကူးစက်ရောဂါကွယ်မယ်"

25/05/2020 12:30 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကူးစက်တတ်တဲ့ ရောဂါပိုးတွေကို မဝင်အောင် ကာကွယ်တဲ့ အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုကတော့ လတ်ဆတ်တဲ့သစ်သီးဝလံတွေ စားသုံးပေးခြင်းပဲ ဖြစ်ပါတယ်။

ဘယ်လို သစ်သီးဝလံအမျိုးအစားတွေ စားသုံးပေးခြင်းက ခုခံအားစနစ်ကို အထောက်အကူဖြစ်စေနိုင်သလဲ..?

ဗီတာမင် - C, ဗီတာမင် - E, အိုင်းရွန်း, ဇင့် စတဲ့ ဓာတ်တွေထဲမှာ အထူးသဖြင့် ဗီတာမင် - C ဓာတ်က ဗိုင်းရပ်စ်စတင်ဝင်လာပြီဆိုတာနဲ့ စတင်ခုခံပေးတတ်ပါတယ်။

ဗီတာမင် - C က သံပုရာသီး၊ ရှောက်သီး၊ လိမ္မော်သီး စတဲ့ ချဉ်တဲ့သီးတွေမှာ ပါပါတယ်။ 

ဗီတာမင် - E ကတော့ ဗာဒံသီး၊ နေကြာဆီ၊ ထောပတ်သီးတို့မှာ ပါပါတယ်။ ဗီတာမင် - A ကိုတော့ ဥမျိုးစုံ၊ မုန်လာဥနီ နဲ့ ကန်စွန်းဥတို့မှာ များစွာပါဝင်ပါတယ်။ 

ဒါ့ကြောင့် ဗိုင်းရပ်စ်ပိုး မဝင်အောင်ကာကွယ်ပြီး၊ ခုခံအားစနစ်တွေ ကောင်းမွန်ဖို့အတွက် သစ်သီဝလံတွေကို စားသုံးပေးဖို့ တိုက်တွန်းလိုက်ရပါတယ်နော်။

နန်းထက်ထက်ချစ်(ABM)


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်