ဝါသီးနှံစိုက်ပျိုးထုတ်လုပ်မှု

27/02/2020 13:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး PC Myanmar PC Myanmar မှ ပေးပို့ထားပါသည်။

ENI ဖောင်ဒေးရှင်း၏ ကူညီထောက်ပံ့ပေးမှုဖြင့် မကွေး၊ မင်းလှနှင့် မြို့သစ်ဒေသများတွင် စိုက်ပျိုးရေးနှင့်ကျန်းမာရေးကဏ္ဍ မြှင့်တင်ဖို့ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စီမံကိန်းအတွက်  PC Myanmar မှ "စိုက်ပျိုးပညာမျှဝေရာ" ဆိုတဲ့ ရေဒီယိုထုတ်လွှင့်မှုအစီအစဉ်ပဲ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာတော့ ဝါသီးနှံထုတ်လုပ်မှုနှင့်ပတ်သက်ပြီး ဆရာကြီး ဒေါက်တာမောင်မာ ကဆွေးနွေးပေးသွားတာပဲဖြစ်ပါတယ်။ တောင်သူများကြား ရေပန်းစားနေတဲ့ ဝါမျိုးများ၊ မျိုးရဲ့လက္ခဏာ၊ အဓိကကျရောက်နိုင်တဲ့ ပိုးမွှားရောဂါများနှင့် ကာကွယ်နှိမ်နင်းနည်းများ၊ ဝါစျေးကွက်အခြေအနေများပါ အစိမ်းရောင်လမ်းအသုံးပြုသူတွေအနေနဲ့ လေ့လာနိုင်စေရန် တင်ပြပေးလိုက်ပါတယ်။


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်