ပြည်ပမှ ဝက်သားပေါက်နှင့် ဝက်ထွက်ပစ္စည်းများ တင်သွင်းခွင့် ယာယီရပ်ဆိုင်း

12/12/2018 11:30 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်း တရုတ်နိုင်ငံတွင် အာဖရိက ဝက်တုပ်ကွေးရောဂါ ဖြစ်ပွားနေ၍ ပြည်ပမှ ဝက်သားပေါက်၊ အေးခဲဝက်သားနှင့် အေးခဲ ဝက်သားပြားများ တင်သွင်းခွင့်ပြုခြင်းကို ယာယီရပ်ဆိုင်း ထားမည်ဖြစ်ကြောင်း  ကုန်သွယ်ရေးဦးစီးဌာန၊ ပို့ကုန်သွင်းကုန် လုပ်ငန်းဌာနခွဲမှ အသိပေးထုတ်ပြန် ထားသည်။

ယင်းကို ပြီးခဲ့သည့် နိုဝင်ဘာလ (၂၂) ရက်နေ့က ပြုလုပ်ခဲ့သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်း ညွှန်ချက်အရ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 “ အိမ်နီးချင်း နိုင်ငံမှာ ဝက်နဲ့ ပက်သက်တဲ့ရောဂါ ရှိနေတဲ့အခါကျတော့ ကျွန်တော်တို့ ဘက်ကလဲ ဆောင်ရွက်စရာ ရှိတာကို ဆောင်ရွက်နေတာပေါ့။ လုံးဝရပ်ဆိုင်းလိုက်တာ မဟုတ်ပါဘူး။  ဝက်တုပ် ကွေးရောဂါကြောင့် ယာယီရပ်ဆိုင်းတဲ့ အနေအထားပါ” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ဆိုသည်။

သတင်းအပြည့်အစုံဖတ်ရန်


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်