"စားနပ်ရိက္ခာဖူလုံရေး သားစဉ်မြေးဆက်ပေး" ရေဒီယိုအစီအစဉ်

04/08/2017 10:04 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး UNESCO-LIFT UNESCO-LIFT မှ ပေးပို့ထားပါသည်။
မြန်မာနိုင်ငံမှာ လယ်ယာလုပ်ငန်းခွင် လုပ်သားရှားပါးလာမှုနဲ့ ရာသီဥတုပြောင်းလဲမှုကြောင့် ကြုံတွေ့လာရတဲ့ အခက်အခဲတွေကို စက်စွမ်းအားသုံးဖြေရှင်းနိုင်ဖို့ စက်မှုလယ်ယာစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါတယ်။ စက်မှုလယ်ယာစနစ်ရဲ့ အဓိက သွင်းအားစုဖြစ်တဲ့ လယ်ယာသုံးစက်ကိရိယာ တွေကို တောင်သူတွေအနေနဲ့ ဝယ်ယူအသုံးပြုချင်ပေမဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ ဒီလိုအခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ ဌာနဆိုင်ရာတွေက ကြိုးပမ်းဆောင်ရွက်ပေးနေတာတွေနဲ့ ပတ်သက်ပြီး မြန်မာ့အသံ ရေဒီယို "စားနပ်ရိက္ခာဖူလုံရေး သားစဉ်မြေးဆက်ပေး" အစီအစဉ်ကနေ တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။ 
 
ထိုအစီအစဉ်ကို ပြန်ကြားရေးတန်ကြီးဌာန၊  UNESCO နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ပြီး၊ မြန်မာ့အသံနှင့် သြစေတြးလျားနိုင်ငံ ABC နိုင်ငံတကာဖွံ့ဖြိုးရေးဌာနတို့က စီစဉ်ထုတ်လွှင့်ပေးနေတာဖြစ်ပြီး ယနေ့ ၁၃၇၉ ခုနှစ်၊ ဝါခေါင်လဆန်း ၁၂ ရက် (သြဂုတ်လ ၄ ရက်နေ့) ညနေ ၅ နာရီ မိနစ် ၄၀ အချိန်တွင် မြန်မာအသံရေဒီယိုမှ ထုတ်လွှင့်ပေးသွားမည် ဖြစ်ပါ သည်။ 

East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်