"စွန့်ပစ်မှိုပွားစာများကို ပြန်လည်အသုံးချခြင်းဆိုင်ရာ နည်းလမ်းများ" အသိပညာပေးဆွေးနွေးပွဲကျင်းပမည်

21/01/2021 10:45 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ ထုတ်ဝေလျက်ရှိသည့် "ဖူးပွင့်ဝေမဂ္ဂဇင်း" မှ ဦးဆောင်၍ “သဘာဝပတ်ဝန်းကျင်နှင့် စိုက်ပျိုးရေးကဏ္ဍရေရှည်တည်တံ့ဖွံ့ဖြိုးရေးအတွက် စွန့်ပစ်မှိုပွားစာများကို ပြန်လည်အသုံးချခြင်းဆိုင်ရာ နည်းလမ်းများ” အသိပညာပေးဆွေးနွေးပွဲကျင်းပမည်ဖြစ်ကြောင်း သိရသည်။

    အဆိုပါဆွေးနွေးပွဲကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၂၃) ရက် (စနေနေ့) နေ့လည် ၁း၀၀ နာရီတွင် စတင်မည်ဖြစ်ပြီး၊ ဆွေးနွေးပွဲအစီအစဉ် အပိုင်း (၁) အနေဖြင့် ပညာရေးဝန်ကြီးဌာန၊ ဇီဝနည်းပညာသုတေသနဌာန (ကျောက်ဆည်) မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသိမ့်သိမ့်ဝင်းမှ “သဘာဝပတ်ဝန်းကျင်နှင့် စိုက်ပျိုးရေးကဏ္ဍရေရှည်တည်တံ့၊ ဖွံ့ဖြိုးရေးအတွက်စွန့်ပစ်မှိုပွားစာများကို ပြန်လည်အသုံးချခြင်းဆိုင်ရာ နည်းလမ်းများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးမည်ဖြစ်သည်။

ကျွန်တော်တို့ မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းကထုတ်ဝေတဲ့ "ဖူးပွင့်ဝေမဂ္ဂဇင်း" ရဲ့ ပင်တိုင်ဆောင်းပါးရှင် ဝါရင့်ဆရာကြီးတွေ၊ သုတေသီပညာရှင်တွေနဲ့ အတွေ့အကြုံရင့် ကျွမ်းကျင်ပုဂ္ဂိုလ်တွေရဲ့ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ နည်းပညာ၊ ဗဟုသတတွေအပြင် စိုက်ပျိုးသူ၊ စားသုံးသူတွေကို အသိပညာပေးနိုင်တဲ့ အကြောင်းအရာတွေကို အပတ်စဉ် စနေနေ့၊ နေ့လည် ၁း၀၀ နာရီမှာ အွန်လိုင်းဆွေးနွေးပွဲတွေ ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။ ဒီတစ်ပတ် ဆွေးနွေးပွဲလေးမှာတော့ Spent Mushroom Substrate-SMS လို့ခေါ်ကြတဲ့ စားသုံးမှိုစိုက်ပျိုးထုတ်လုပ်ခြင်းမှ အဓိကဘေးထွက်ပစ္စည်းမှာ စွန့်ပစ်မှိုပျိုးစာတွေကို ဘယ်လိုပြန်လည်အသုံးချနိုင်မလဲဆိုတဲ့ နည်းလမ်းအမျိုးမျိုးကို ဆွေးနွေးပြောကြားပေးသွားမှာ ဖြစ်ပါတယ်။ စိတ်ပါဝင်စားသူမည်သူမဆို Zoom Meeting ဆွေးနွေးပွဲကို ပါဝင်တက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်။

ဟု မြန်မာနိုင်ငံသစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း၏ ဗဟိုအလုပ်အမှုဆောင်၊ ဖူးပွင့်ဝေမဂ္ဂဇင်း၏ အုပ်ချုပ်မှုအယ်ဒီတာ ဦးတင်အောင်က ပြောသည်။

    ဆွေးနွေးပွဲတွင် အဓိကဆွေးနွေးသွားမည့် အကြောင်းအရာများမှာ Spent Mushroom Substrate (SMS) ၏ ဂုဏ်သတ္တိများကို စိုက်ပျိုးရေးတွင် ပြန်လည်အသုံးချခြင်း၊ တိရိစ္ဆာန်စာအဖြစ် ပြန်လည်အသုံးချခြင်း၊ ဇီဝလောင်စာအနေဖြင့် အသုံးပြုခြင်း၊ စက်မှုလုပ်ငန်းသုံးအင်ဇိုင်းများ ပြန်လည်ထုတ်လုပ်ခြင်း အစရှိသည်တို့ ပါဝင်မည်ဖြစ်သည်။

   ဆွေးနွေးပွဲကို MFVP Facebook page နှင့် "ဖူးပွင့်ဝေမဂ္ဂဇင်း"  Facebook page တို့မှလည်း တိုက်ရိုက်ထုတ်လွှင့် ပးသွားမည်ဖြစ်ကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်” ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်