ပရိုတင်းပါဝင်မှုများတဲ့ ပဲရာဇာ စိုက်ပျိုးမယ်

05/11/2019 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 ပဲရာဇာ

ပဲရာဇာ၏အမည်ကို အောက်ပါအတိုင်း ခေါ်ဝေါ်ကြောင်းသိရပါသည်။

(က) သီးနှံအမည် - ပဲရာဇာ

() ဒေသအခေါ်အဝေါ် - ပဲနီလေး/ပဲရာဇာ

() အင်္ဂလိပ်အမည် - LENTILS, SPLIT PEA

() ရုက္ခဗေဒအမည် - ERVOM CULINARIS MEDIK LENS, ESCULENTA MOENCH

အသုံးပြုပုံနှင့် အဟာရတန်ဘိုး

ပဲနီလေး၊ ပဲဝါလေးပဲမျိုးကို ပါကစ္စတန်၊ အိန္ဒိယနှင့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် ဆန်ဖြင့် ရောချက်ပြုတ် စားသုံးလေ့ ရှိပါသည်။ ပဲဝါလေးသည် စျေးနည်းပြီး အဟာရပြည့်ဝသည့် ပဲမျိုးဖြစ်၍ ဥရောပနှင့် အမေရိကတောင်နှင့်မြောက်ပိုင်း တို့တွင်လည်း အသားများဖြင့် ရောချက်စားသောက်ကြပါသည်။ ပဲနီလေးအုပ်စုဝင် ပဲသည် အမိုင်နိုအက်စစ်၊ လိုင်စင်းအပါအဝင် ပရိုတိန်း ပါဝင်မှုများသောပဲဖြစ်၍ ကမ္ဘာတစ်ဝန်းတွင် သတ်သတ်လွတ်စားသုံးသူများအတွက် အဓိကအစားအစာဖြစ်ကြောင်း သိရပါသည်။

အသီး၏ ပုံသဏ္ဍာန်နှင့်အရွယ်အစား

ပဲရာဇာသီးတောင့်၏ပုံသဏ္ဍာန်မှာ ပဲတီစိမ်းသီးအသေးစားပုံစံကဲ့သို့ ရှိပါသည်။ သီးတောင့်၏ အရွယ်အစားမှာ အလျား ဝ.၅ လက်မခန့်နှင့် အနံ ဝ.၂ လက်မခန့်ရှိပြီး သီးတောင့်တစ်တောင့်လျှင် ပဲစေ့ () စေ့ခန့်ပါရှိပါသည်။

ပဲရာဇာတွင်ပါဝင်သော အဟာရဓါတ်များ

ပဲရာဇာတွင်ပါဝင်သော အာဟာရဓါတ်များမှာ အာဟာရဓါတ် စူးစမ်းရှာဖွေရေးနှင့် သုတေသန ဌာနမှ စမ်းသပ်တွေ့ရှိချက်များ အရ အောက်ပါအတိုင်းပါဝင်ကြောင်း သိရှိရပါသည်။

စိုက်ပျိုးထုတ်လုပ်သည့်ဒေသ

ပဲရာဇာကို မြန်မာပြည်တွင် အနည်းအကျဉ်းသာ စိုက်ပျိုးထုတ်လုပ်ပါသည်။ ပဲရာဇာကို မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့သာ အသင့်အတင့် စိုက်ပျိုးထုတ်လုပ်ကြပါသည်။

ကြိုက်နှစ်သက်သည့် ရာသီဥတု၊ စိုက်ပျိုးသည့်ကာလနှင့် ရိတ်သိမ်းသည့်ကာလ

ပဲရာဇာသည် မြန်မာနိုင်ငံအထက်ပိုင်း မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့၏ ရာသီဥတုနှင့် စိုက်ပျိုးမှုဖြစ်ထွန်းပါသည်။ အစောပိုင်း ပူအိုက်စွတ်စိုမှုကို လိုအပ်၍နောက်ပိုင်းအချိန်တွင် မိုးနှင်းရရှိမှုကို ကြိုက် နှစ်သက်သော သီးနှံအမျိုးအစား ဖြစ်ပါသည်။

ပဲရာဇာကိုအောက်တိုဘာလ (၁၅) ရက်နေ့မှ နိုဝင်ဘာလ (၁၅) ရက်နေ့အတွင်း စိုက်ပျိုးလေ့ရှိကြပါသည်။ ပဲရာဇာကို စိုက်ပျိုးရာတွင် တန်းကြား (.) ပေမှ () ပေအထိ အကွာအဝေးထား၍ ပင်ကြားမှာ () လက်မမှ () လက်မထိထား၍ စိုက်ပျိုးပါသည်။ အပင်များရှင်သန်ဖြစ်ထွန်းရန်အတွက် သံထွန်ဖြင့် ကြားလိုက်ခြင်း၊ ပေါင်းသင်းခြင်းများပြုလုပ်ပေးရပါသည်။
ပဲရာဇာကို ဖေဖေါ်ဝါရီလ (၁၅) ရက်မှ မတ်လ (၁၅) ရက်ကာလအတွင်း ရိတ်သိမ်းကြပါသည်။ ရိတ်သိမ်းမှုတွင် ရာသီအပူ၊ အအေးကိုမီ၍ရင့်မှည့်မှုအလိုက် အနည်းငယ်အချိန်ကာလ ကွာခြားတတ် ပါသည်။ ပဲရာဇာ၏အသက်ရက်မှာ (၁ဝဝ) မှ (၁၂ဝ) ရက်ခန့် ရှိပြီး ပွင့်ရက်ကာလမှာ (၄ဝ) မှ (၄၅) ရက်နေ့ခန့်ဖြစ်တတ်ပါသည်။

စားသုံးနည်းများ

ပဲရာဇာကိုအများအားဖြင့် ဟင်းချိုချက်၍စားသုံးကြပါသည်။ ဟင်းချက်ရာတွင် အချိန်အနည်းငယ် အတွင်းချက်ပြုတ်နပ်လွယ်၍ နူးညံ့သောပဲအမျိုးအစားဖြစ်ပါသည်။ စားသုံးရာတွင် ဘေးအန္တရာယ် မဖြစ်စေနိုင်ဘဲ အာဟာရဓါတ်ပြည့်ဝစေနိုင်ပါသည်။ စနစ်တကျ ချက်ပြုတ်စားသုံးပါက အစာကြေညှက်ပြီး လေကောင်းစွာ သက်စေနိုင်ပါသည်။ ချက်ပြုတ်ရာတွင် ကောင်းစွာ မကျက်ဘဲစားသုံးလျှင် ဆီးအဆိပ် ဖြစ်စေနိုင်သဖြင့် ကျက်အောင်ချက်၍ စားရမည်ဖြစ်ပါသည်။

source - http://www.mpbsma.org/products/beans/lentil

 

 

 

 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်