ချွဲ၊ သလိပ်တွေကို ဖယ်ရှားပေးမယ့် သဘာဝနည်းလမ်း (၃) သွယ်

24/04/2020 15:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဗိုင်းရပ်တစ်မျိုးမျိုး၀င်ရောက်ခြင်းကြောင့် အသက်ရှုလမ်းကြောင်းမှာ ဖြစ်ပေါ်လာတဲ့ ဒီပြဿနာကို ယ်လိုဖြေရှင်းကြမလဲ။

ချွဲ သလိပ် ဖြစ်နိုင်တဲ့အကြောင်းရင်း

- Allergic ကြောင့်

- အသံအရမ်းသုံးလိုက်တဲ့အခါ

- အအေးမိဖျားနာခြင်းကြောင့်

- ချောင်းဆိုးခြင်း

- ဆေးလိပ်သောက်ခြင်းကြောင့် စသဖြင့်အမျိုးမျိုးပါပဲ။

ကြက်သွန်ဖြူနဲ့ ကုသမယ်

ကြက်သွန်ဖြူအစိမ်းကို အိပ်ယာမ၀င်ခင် ၂ စိတ်လောက်စားပါ။ ကြက်သွန်ဖြူတာ မမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေကို တိုက်ထုတ်ပေးပါလိမ့်မယ်။

ဆားရည်နဲ့ ပလုတ်ကျင်းမယ်

ဆားရည်နဲ့ ပလုတ်ကျင်းကလည်း သက်သာစေပါတယ်။ ရေနွေးအပြည့်ထည့်ထားတဲ့ ခွက်ထဲမှာ ဆားလက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပြီး ပလုတ်ကျင်းပါ။ တစ်နေ့ ၂ ခါလောက်လုပ်ပေးပါ။

ငရုတ်ကောင်းနဲ့ ပျားရည်

ပျားရည်လက်ဖက်ရည်ဇွန်း ၁ ဇွန်း နဲ့ ငရုတ်ကောင်းမှုန့်အနည်းငယ်ကိုရောပြီး တစ်နေ့ ၂ ခါ စားပါ။ ငရုတ်ကောင်းဟာ လည်ချောင်းနာကိုပါသက်သာစေပါတယ်။

MyFood Myanmar website မှ ပြန်လည်ကူးယူဖော်ပြပါသည်။

ယခုသတင်းက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ အသုံးဝင်ပါတယ်/အသုံးမဝင်ပါ ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်