စက်ဖွဲပြာ RHA တွင်ပါဝင်သော ဆီလီကာဒြပ်ပေါင်း ( amorphous silica ) သည် အရာဝတ္ထုများ ကို တောင့်တင်းခိုင်မာစေရန် အထောက်အကူပြုသည်။ ကွန်ကရစ်ကန်ကြီးများတွင် လွန်ခဲ့သောနှစ် ပေါင်း ၁၅ နှစ် ကာလထဲက စတင်ထည့်သွင်း အသုံးပြုလာကြသည်။ သုတေသန စမ်းသပ်တွေ့ရှိ ချက်များအရ ဆီလီကာဓါတ်ကြွယ်ဝသော ပစ္စည်းများကို ထည့်သွင်းအသုံးပြုခြင်း နည်းလမ်းများစွာကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ မြန်မာနိုင်ငံအနေဖြင့် ဆီလီကာကြွယ်ဝသော ပစ္စည်းများကို အကျိုးရှိစွာအသုံးချခြင်း နည်းပညာကို ဂျပန်နှင့်ထိုင်းနိုင်ငံတို့မှ နည်းပညာများ ရယူဆောင်ရွက်လျှက်ရှိ သည်။
စပါးခွံကို ရေနွေးငွေ့အင်ဂျင်လည်ပတ်ရန်အတွက် လောင်စာအဖြစ် အသုံးပြုပြီး ဆန်စက်များကို တဆင့်လည်ပတ်ရန်၊ လျှပ်စစ်ထုတ်လုပ်မှုကို လျှပ်စစ်မီးအားလိုင်းများ မရရှိနိုင်သောဒေသများတွင် သုံးစွဲကြသည်။ စပါးခွံသည် ရေနွေးငွေ့စွမ်းအားရရှိစေပြီး ၁၀-၂၀၀ ကီလိုဝပ်ရှိသည့် အင်ဂျင်မှတ ဆင့် ဂျနရယ်ပါဝါကို လည်ပတ်စေနိုင်သည်အထိ အကောင်းဆုံးလောင်စာအဖြစ် စွမ်းအင်ကို ရရှိစေ သည်။ လျှပ်စစ်စွမ်းအင် ၂၀ ရာခိုင်နှုန်းသာရရှိသော တိုင်းပြည်များအတွက် ကျေးလက်မီးလင်းရေး အတွက် စပါးခွံလောင်စာဖြင့် ရေနွေးငွေ့စွမ်းအင်သုံး စက်များသုံး၍ မီးလင်းရေးဆောင်ရွက်နိုင် သည်။
ထိုင်းနိုင်ငံမှ နည်းပညာနှင့် ကျွမ်းကျင်သူများအကူအညီဖြင့် စပါးခွံကိုအသုံးပြု၍ လျှပ်စစ်မီးထုတ် နိုင်ခဲ့ကြသည်။ ရန်ကုန်မြို့မှ ၅၀ ကီလိုမီတာဝေးသော အိမ်ခြေ ၃၀၀ နှင့်လူဦးရေ ၁၅၀၀ ကျော်နေထိုင်သည့် ကျေးရွာများတွင် မီးထွန်းခြင်း၊ ပန်ကာ ဖွင့်ခြင်း၊ ရုပ်မြင် သံကြားကြည့် ခြင်းစသည့် အခြေခံ လျှပ်စစ်လိုအပ်ချက်များကို ထောက်ပံ့နိုင်ခဲ့သည်။ ယင်းကျေးရွာရှိ ဆန်စက် (၃) လုံးမှ ထွက်ရှိလာသော စပါးခွံများကို အခြားနေရာများသို့ ရွှေပြောင်းခြင်းမလိုအပ်သကဲ့သို့ လူအ များအကျိုးအတွက်လည်း အထောက်အကူဖြစ်စေခဲ့ပါသည်။
မြန်မာနိုင်ငံသည် လောင်စာထုတ်လုပ်ခြင်းအတွက် နည်းပညာ အကူအညီ နှင့် အထောက်အပံ့ကို ဂျပန်နိုင်ငံမှ ရရှိခဲ့သည်။ စပါးခွံကို မီသိန်းဓါတ်ငွေ့လောင်စာဆီသို့ ပြောင်းလဲရန် biomass gasifier အကူအညီဖြင့် အသုံးပြုရာတွင် ထွက်ရှိလာသော စက်ဖွဲပြာများ ရေထွက်ပေါက်တွင် ပိတ်ဆို့မှုမဖြစ် စေရန် စက်၏ clogs များကို အသုံးပြုကြသည်။ ဂျပန် NGO တစ်ခုဖြစ်သော New Energy and Industrial Technology Development Organization ( NEDO) ကူညီထောက်ပံ့မှုဖြင့် စပါးခွံအသုံးပြုခြင်းနှင့် gasifier အကြား အဆင်ပြေစွာဆက်စပ်ပြီး ပတ်ဝန်းကျင်နှင့် သဟဇာတ ညီမျှစေလျှက် စပါးခွံကို ပြောင်းလဲလောင်စာအဖြစ် ပြုလုပ်သုံးစွဲနိုင်ခဲ့သည်။ စပါခွံမီးသွေးတောင့် နှင့် မီးသွေးတုံးတို့သည် စပါးခွံတိုက်ရိုက်သုံးစွဲခြင်းထက် ပိုမို၍ စွမ်းအင်ကိုပြည့်ဝစေသည်။ မြန်မာ နိုင်ငံတွင် ပတ်ဝန်းကျင်နှင့် စွမ်းအင်ထုတ်လုပ်ခြင်း ပရောဂျက် ၁၁ ခု ကို လက်ရှိ NEDO မှ ပြုလုပ် လျှက်ရှိသည်။
ဆန်စက်ကြီးတစ်ခု လည်ပတ်ရန်အတွက် ကီလိုဝပ် ၁၀၀၀ ရှိသော biomass gasifier စက်တစ်ခု ကို တပ်ဆင်နိုင်ပါသည်။ ထိုကဲ့သို့ တပ်ဆင်ခြင်းဖြင့် နီးစပ်ရာ လျှပ်စစ်မီးမရရှိသော နေရာဒေသများ အတွက် အခြေခံ လျှပ်စစ်မီးလိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးနိုင်သည်။ အခြေခံအားဖြင့် 1 MWh ရှိ ပါဝါဂျနယ်ရေတာကို လည်ပတ်နိုင်ရန် (၁) မက်ထရစ်တန် ပမာဏရှိသော စပါးခွံလိုအပ် ပါသည်။ လွန်စွာရိုးရှင်းလွယ်ကူသော လုပ်ဆောင်ချက်ဖြင့် ကြီးမားသောလျှပ်စစ်ပမာဏကို စပါးခွံ မီလီယန်တန်အနည်းငယ်ကို အသုံးပြုထုတ်လုပ်ရယူနိုင်မှာ ဖြစ်ပါသည်။
Aye Thanda Soe ( B.Agr.Sc – 1998)