ထိုင်းနိုင်ငံရဲ့ငချိတ်ဆန်နဲ့ သူ၏အာဟာရတန်ဖိုး

10/09/2021 11:30 AM တွင် Saw Eh Htoo War Saw Eh Htoo War မှ ရေးသား

ငချိတ်ဆန်( Riceberry ) ဆိုသည်မှာ?

    ငချိတ်ဆန်သည် ထိုင်းနိုင်ငံ၏ စပါးမျိုးကွဲတစ်ခုဖြစ်သည်။ မစေးကပ်သော ခရမ်းရောင်စပါးမျိုး ( Jao Hom Nin) နှင့် မွှေးသောရနံ့ရှိသည့်စပါးမျိုး (Khoa Dwak Mali 105) တို့ မျိုးစပ်ခြင်းမှ ရရှိလာခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ Kasetsart တက္ကသိုလ်ရှိ Rice Science Center မှစမ်းသပ်ခဲ့ခြင်းဖြစ်သည်။ ဆန်၊ စပါးသည် လူသားတို့ အသက်ရှင်သန်နေထိုင်ရေးအတွက် အရေးကြီးသော သီးနှံတစ်မျိုးဖြစ်သည်။ ယနေ့ခေတ်တွင် ငချိတ်ထမင်းကို ပြောင်းလဲစားသုံးလာကြသည်ကို တွေ့ရှိရသည်။ ငချိတ်ဆန်သည် ရှည်သွယ်ကာ ခရမ်းရောင်ပုံစံ ရှိပြီး ချက်ပြုတ်ပြီးပါက နူးညံ့သည့်အပြင် မွှေးသောရနံ့ရှိသည်။ တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်သော်လည်း ထိုင်းနိုင်ငံတွင် ဩဂုတ်လမှ ဒီဇင်ဘာလအထိ စိုက်ပျိုးကြသည်။ ထိုကာလအတွင်းစိုက်ပျိုးပါက အထွက်နှုန်းပိုရသောကြောင့်ဖြစ်သည်။ ငချိတ်ဆန်( Riceberry) ကို ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတွင် အဓိကစိုက်ပျိုးကြသည်။ 

ဘယ်လိုအာဟာရဓာတ်တွေပါဝင်လဲ?

    ငချိတ်ဆန်တွင် Anthocyanin ဖြစ်သော အန်တီအောက်စီဒန့်များစွာပါဝင်ပြီး ဘီတာကယ်ရိုတင်း Beta-carotene, ဗီတာမင် -E, ဇင့်နှင့် ဖောလစ်အက်ဆစ်တို့လည်း ပါဝင်သည်။ ဒါ့အပြင် အမျှင်ဓာတ် (Fibre) နှင့် ကစီဓာတ်ကို သကြားအဖြစ်ပြောင်းလဲပေးသော Glycaemic index လည်းပါဝင်သည်။

ကျန်းမာရေးဆိုင်ရာ အကျိူးကျေးဇူးများ

    ငချိတ်ဆန်သည် ဆီးချိုရောဂါ၊ အဝလွန်ရောဂါ၊ နှလုံးရောဂါ၊ စိတ်ဖိစီးမှုနှင့် အသားအရေဖူးရောင်ခြင်း စသောဝေဒနာရှင်များ စားသုံးရန်သင့်တော်သည်။ ဆဲလ်များပျက်ဆီးခြင်းနှင့် ကိုလက်စထရောနည်းပါးခြင်းကိုလည်း ဟန့်တားပေးနိုင်သည့်အပြင် ကင်ဆာဆဲလ်များကိုလည်း သေစေနိုင်သော အာနိသင်ရှိသည်။ အမျှင်ဓာတ်များစွာပါဝင်သည့်အတွက် အစာခြေဖျက်ခြင်းကိုလည်း အထောက်အကူပြုစေပြီး ဝမ်းချုပ်ခြင်းကိုပါသက်သာစေသည်။ ငချိတ်ဆန်သည် ပမာဏအနည်းငယ်စားရုံဖြင့် အဆာခံနိုင်သောကြောင့် ထမင်းစားသကဲ့သို့ စားသုံးရန်မလိုပါ။ ထို့ကြောင့် ဝိတ်တက်လာမည်ကို စိုးရိမ်ဖို့မလိုဘဲ ဝိတ်ချမည့်သူများအတွက် အထူးသင့်တော်ပါသည်။ ငချိတ်ဆန်ကို ပုံမှန်စားပေးခြင်းဖြင့် အရေပြားတွန့်ခြင်းနှင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကိုလည်း နည်ပါးစေပါသည်။ 

Referance: http://www.google.com/search?q=riceberry&oq=rice&aqs=chrome.0.69i59j69i57j0l2j69i60.3081j0j7&sourceid=chrome-mobile&ie=UTF-8


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်