အဆိပ်သင့်ဘေး၊ ကင်းကွာဝေး၊ စိုက်ပျိုးသီးနှံ၊ နည်းလမ်း မှန် ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးမည်

06/08/2014 23:28 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

စိုက်ပျိုးရေးကဏ္ဍတွင် အရေးပါသည့် အပင်အဟာရများအကြောင်းနှင့် သီးနှံအလိုက်လိုအပ်သော အဟာရများကို တွက်ချက်ပုံနည်းလမ်းများအကြောင်းကို ရန်ကုန် စက်မှုတက္ကသိုလ် ဓာတုဗေဒ ဌာန (ငြိမ်း) မှ ဆရာ ဦးဇော်ဇော်လှိုင်မှ လမ်းမတော်မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ UMFCCI သစ်သီးဝလံအသင်း စာသင်ခန်းမတွင်  ဟောပြောဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရပါသည်။ ၉.၈.၂၀၁၄ (စနေနေ့) နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအထိ ပြုလုပ်သွားမည်ဖြစ်သောကြောင့် စိတ်ဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

 

 
 

East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်