သန့်မြန်မာမှ နိုင်ငံတစ်ဝှမ်းတွင် အမှိုက်စီမံခန့်ခွဲမှုသင်တန်းများကို စဥ်ဆက်မပြတ် ဖွင့်လှစ်လျက်ရှိရာ ယခုအခါ ညောင်ဦးမြို့အတွက် ကျေးလက်အမှိုက်စီမံခန့်ခွဲမှုသင်တန်းကို ဖွင့်လှစ်တော့မည်ဖြစ်ပါသည်။ သင်တန်းသည် ဇူလိုင်လ 7 ရက်နေ့မှ 16 ရက်နေ့အထိ 10 ရက်တာ ကြာမြင့်မည်ဖြစ်ပြီး ပုဂံ - ညောင်ဦးဒေသအတွင်းရှိ အရပ်ဖက်လူမှုအဖွဲ့အစည်း အဖွဲ့ဝင်များ (CSO အဖွဲ့ဝင်များ) အတွက် ရည်ရွယ်ဖွင့်လှစ်တာဖြစ်တာ ဖြစ်ပါတယ်။ ဒီသင်တန်းမှတစ်ဆင့် မိမိတို့ရဲ့ရပ်ရွာမှာ ကိုယ်တိုင်အမှိုက်စီမံခန့်ခွဲမှုစနစ်တစ်ခုကို ဦးစီးထူထောင်နိုင်မည့် ခေါင်းဆောင်များကို မွေးထုတ်ပေးနိုင်မည်ဟု မျှော်လင့်ပါတယ်။
စိတ်ပါဝင်စားပါက အောက်ပါ Link ကို ဇွန်လ 25 ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားနိုင်ပါတယ်။ သင်တန်းနှင့် ပတ်သက်ပြီး မေးမြန်းလိုသည်များရှိပါက thantmyanmarmovement@gmail.com မှ လည်းကောင်း page messenger မှလည်းကောင်း မေးမြန်းနိုင်ပါတယ်။ 📩
အဆိုပါသင်တန်းကို သန့်မြန်မာမှ စီစဥ်ပို့ချတာဖြစ်ပြီး
ဥရောပသမဂ္ဂ 🇪🇺 မှ ဘဏ္ဍာရေး အထောက်အပံ့ပေးထားသော Prevent Plastics project မှ ပံ့ပိုးကူညီထားတာ ဖြစ်ပါတယ်။
သင်ကိုယ်တိုင် လူထုအခြေပြုကျေးလက်ဒေသအမှိုက်စီမံခန့်ခွဲမှုတစ်ခုကို ထူထောင်နိုင်တဲ့ ခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်မယ့် အခွင့်အရေးဖြစ်ပြီး လူဦးရေ ၁၅ ယောက်ပဲ ကန့်သတ်ထားတာကြောင့် စိတ်ဝင်စားတယ်ဆိုရင် လျှောက်လွှာလေးကို အမြန်ဆုံးဖြည့်ကြပါစို့နော်!📝
Registration Form Link – https://tinyurl.com/97rep6sb
East West Seed Myanmar ကြော်ငြာ
Shwe La Won
ATRIA
ရွှေမြား
တောင်ပေါ်သား
တောင်ပေါ်သူ