ကျေးလက်နှင့် တိုင်းရင်းကြက်

29/08/2019 22:00 PM တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှ ရေးသား ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မှ ပေးပို့ထားပါသည်။

  • ကျေးလက်ဒေသကြက်မွေးမြူရေးသည် မြန်မာနိုင်ငံတွင်အရေးပါသော အသားကဏ္ဍ ထုတ်လုပ်မှုလုပ်ငန်းတစ်ရပ်ဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံး ကြက်မွေးမြူရေး၏ ၈၅% သည် တိုင်းရင်းကြက်မွေးမြူရေးဖြစ်ပါသည်။

  • ကျေးလက်ကြက်မွေးမြူရေးသည် မွေးမြူသူများအတွက် ဝင်ငွေကောင်းရစေနိုင်ပြီး ကျေးလက်ဒေသ စီးပွားရေးတိုးတက်မှုအတွက် အရေးပါသော လုပ်ငန်းတစ်ရပ်ဖြစ်ပါသည်။

ထင်ရှားသောတိုင်းရင်းကြက်မျိုးများ

(၁) လည်ပြောင်ကြက်

(၂) အင်ပင်ဝကြက်

(၃) စစ်တကောင်းကြက်

တိုင်းရင်းကြက်လက္ခဏာကောင်းများ

၁။ အဆောက်အဦး၊ အစာ၊ ဆေးနှင့်ခြံသုံးပစ္စည်း၊ လုပ်အားခစသည့် ကုန်ကျစရိတ် သက်သာစွာမွေးမြူနိုင်ခြင်း။

၂။ ဆိုးရွားသော ရာသီဥတုဒဏ်၊ ရောဂါဒဏ်၊ အစာချို့တဲ့မှုဒဏ်ကို နိုင်ငံခြားကြက်များထက် ခံနိုင်ရည်ရှိခြင်း။

၃။ ဒေသအတွင်း မိမိဘာသာရှာဖွေစားသောက်နိုင်ခြင်း။

၄။ ဖောက်စက်မလိုဘဲ မိခင်ကိုယ်တိုင်ဝပ်၍ သားဖောက်နိုင်ခြင်း။

၅။ ကြက်ငယ်များအပေါ် မိခင်၊ ဖခင်စိတ်ထားရှိနိုင်ပြီး ကြက်ငယ်များဘဝ ရှင်သန်နိုင်ရန် လေ့ကျင့်သင်ကြားထိန်းကျောင်းပေးနိုင်ခြင်း။

၆။ အရွယ်ရောက်လာသောအခါ မိမိဘာသာရန်သူကို ကာကွယ်၊ ရှင်သန်လှုပ်ရှားနိုင်ခြင်း။

၇။ အသား၏အနံ့အရသာနှင့် ဖွဲ့စည်းမှုကောင်းမွန်ခြင်း။

    အရည်အသွေးကောင်းများရှိသော်လည်း ကျေးလက်ဒေသများတွင် တိုင်းရင်းကြက်များကို စနစ်တကျ ကျွေးမွေးထိန်းသိမ်းစောင့်ရှောက်မှု အားနည်းသဖြင့် သေပျောက်ဆုံးရှုံးမှုများ ကြုံတွေ့ရပါသည်။

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်