အပတ်စဉ် (၂၆) အဖြေမှန်

10/06/2020 13:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဗုဒ္ဓဟူးနေ့ပါဗျို့....

အပတ်စဉ် (၂၆) ရဲ့ အဖြေမှန်နဲ့အတူ ကံထူးသူတွေရောက်ရှိလို့လာပါပြီ။

အပင်နွဲ့နွဲ့လေးနဲ့ စားလို့ကောင်းတဲ့ ဖူးတံပိုင်ရှင်လေးကတော့ ပြောင်းဖူးပင်ပါတဲ့ ပရိတ်သတ်ကြီးရေ....

စားလို့လည်းကောင်းသလို သဘာဝပေါင်းသတ်ဆေးအနေနဲ့ပါသုံးလို့ရပါတယ်တဲ့နော်....

(မင်မင်ပြောတာမယုံရင်တော့ အစိမ်းရောင်လမ်းဆော့ဝဲထဲက "ပြောင်းဆန်မှုန့်" ဆိုတဲ့ ဆောင်းပါးလေးမှာဖတ်ကြည့်ပါ)

ပြောင်းစိုက်တဲ့ရာသီမှာ ပြောင်းဖူးအကြောင်းပြောကြရင်း ကံထူးရှင်ဖြစ်သွားတဲ့သူတွေကို ဂုဏ်ပြုလိုက်ရပါတယ်။ 

ဖြေဆိုသူတစ်ယောက်ချင်းစီတိုင်းကိုလည်း စကားထာအဖြေမှန်လေးနဲ့အတူ ပြောင်းဖူးနဲ့ပတ်သတ်တဲ့ ဗဟုသုတတွေ မျှဝေလိုက်ပါတယ်နော်....

နောက်တစ်ပတ်အတွက် ဘယ်လိုပဟေဠိလေးတွေလာအုံးမလဲဆိုတာ စောင့်ကြည့်နေပါအုံးနော်။


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်