ပျော်စရာ ပဟေဠိ (၃၈) အဖြေမှန်

02/09/2020 13:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဗုဒ္ဓဟူးနေ့ပါ ပရိတ်သတ်ကြီးရေ...

ဒီတစ်ပတ်ရဲ့ အဖြေမှန်လေးကတော့  အဝေးကကြည့်ရင် စေတီငယ်လေးနဲ့ တူပြီး အနီးရောက်တော့ စားစရာဖြစ်တဲ့ မြန်မာ့ရိုးရာ မုန့်ဖက်ထုပ် လေးပါတဲ့နော်။ 

အရသာလည်းကောင်း၊ လူကြီးလူငယ်မရွေးကြိုက်တဲ့ မုန့်ဖက်ထုပ်လေးကတော့ ကောက်ညှင်းဆန်ရဲ့ တန်ဖိုးမြှင့်ထုတ်ကုန်လေးတစ်ခုဆိုလည်း မမှားပါ။ 

တန်ဖိုးမြှင့်ထုတ်ကုန် ဆောင်းပါးတွေကို အစိမ်းရောင်လမ်းဆော့ဝဲထဲမှာ အများကြီးတင်ထားပေးပါတယ်နော်။ ဒါကတော့ မင်မင်ပေးတဲ့ စကားလက်ဆောင်လေးပါ။ 

ကိုယ့်အဖြေလေးပါလား မပါလား သိချင်တဲ့ ပရိတ်သတ်တွေအတွက် ဒီတစ်ပတ်ကနေ စပြီး ဖြေဆိုသူအားလုံးကို ဖော်ပြပေးမှာပါ။ ။ အဖြေမှန်သူတွေကိုတော့ အဝါရောင်လေးနဲ့ ပြသထားပါတယ်။ 

ဒီအစီစဉ်လေးက ပျော်စရာကောင်းတဲ့ ပဟေဠိလေးတွေနဲ့ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းရှိနေမှာပါ။ 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်