ပဟေဠိ(၃၉) အဖြေမှန်

09/09/2020 13:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဗုဒ္ဓဟူးနေ့လေးပါဗျို့

ဒီတစ်ပတ်ရဲ့ အဖြေမှန်လေးကတော့ အင်းဆက်တွေထဲကမှ အဖွဲ့အစည်းအလိုက်နေတတ်တဲ့ ခြ ကောင်လေးပါ ပရိတ်သတ်ရေ…

ဘုရင်မ၊ ဘုရင်၊ လုပ်သား ခြ၊ စစ်သည်တော် ခြ၊ အတောင်ပါတဲ့အကောင် ဒီလိုမျိုး ရှိတတ်တဲ့ အဖွဲ့အစည်းကြီးတစ်ခုမို့  သူတို့က အမြန်ကြီးကို ဖျက်စီးနိုင်တာပါ။ အကောင်လေးတွေကို မြင်ဖူးအောင်လို့ ပုံမှာဖော်ပြထားပေးပါတယ်နော်။ 

ဝဝတုတ်တုတ်လေးကတော့ ခြဘုရင်မ၊ သူ့ဘေးက ကပ်နေတာအကောင်လေးက ခြ ဘုရင်၊ အဲ...နောက် ခေါင်းမှာ ချိုကြီးလို ထူးခြားတဲ့ ပါးစပ်ပုံစံကို ပိုင်ဆိုင်ထားတာကတော့ စစ်သည်တော် ခြပါ။ အတောင်ပံပါတဲ့ အကောင်ကတော့ရှင်းပါတယ်နော့်။ သူ့အောက်က လုံးလုံးပုပုလေးကတော့ ခြ လုပ်သားလေးပါ။

ဖြေဆိုသူတစ်ယောက်ချင်းစီတိုင်းကိုလည်း ဖော်ပြပေးလိုက်တယ်နော်။ 

အဖြေမှန်သူတွေကိုတော့ အဝါရောင်လေးနဲ့ ပြထားပါတယ် ပရိတ်သတ်ကြီးရေ...။ ပဟေဠိလေးဖြေရင်း ခြကောင်လေးတွေအကြောင်းလည်း သိရ ပျော်စရာလည်းကောင်းဖို့ ရည်ရွယ်ပါတယ်။ နောက်တစ်ပတ်တွေမှာလည်း ဘယ်လို ပဟေဠိလေးတွေနဲ့ ပျော်စရာကောင်းမလဲ စောင့်မျှော်ပေးပါအုံးနော်။ 

ည (၇)နာရီမှာ ပဟေဠိ အသစ်လေးနဲ့အတူ ပြန်လာခဲ့ပါမယ်။


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်