ADB (Asian Development Bank) ရဲ့ ရန်ပုံငွေ ထောက်ပံ့မှုနဲ့ ဂျပန်နိုင်ငံမှာ သွားရောက် ပညာသင်ကြားရမည့် အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။ သွားရောက် သင်ကြားရမည့် တက္ကသိုလ်မှာ Nagoya University ဖြစ်ပြီး အချိန်ကာလ ( ၂) နှစ် ကြာမြင့်မည် ဖြစ်ပါတယ်။ လျှောက်ထားရမည့် ဘာသာရပ်မှာ Rural Development (ကျေးလက်ဒေသဖွံ့ဖြိုးရေး) သို့မဟုတ် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆက်စပ်သော စီးပွားရေး ဘာသာရပ်များကို ရွေးချယ်ရမည် ဖြစ်ပါတယ်။
ယခုအစီအစဉ်မှာ ၂၀၁၈ ခုနှစ် ဧပြီလ ဝင်ခွင့်အတွက် ခေါ်ယူခြင်း ဖြစ်ပါသည်။
လျှောက်လွှာများအားလုံးကို သတ်မှတ်ရက်ထက် နောက်မကျစေပဲ တစ်စုတစ်စည်းတည်း ပို့ရမည် ဖြစ်ပါသည်။
လျှောက်ထားရန် စိတ်ပါဝင်စားသူများ အနေဖြင့် အင်္ဂလိပ်စာ အရည်အချင်းစစ်စာမေးပွဲများ ( IELTS, TOEIC, TOEFLE အစရှိသည်) ကို ဖြေဆိုထားပြီး ဖြစ်ရပါမည်။
လျှောက်လွှာများကို ဆရာမ ဒေါက်တာခင်လေးဆွေ ဆီမှ တစ်ဆင့် သက်ဆိုင်ရာ ဌာနဆီသို့ ၂၀၁၇ ခုနှစ် ဂျူလိုင်လ ၆ ရက် နောက်ဆုံးထားပေးပို့ရပါမည်။
ထပ္မံသိရွိလိုပါက http://www.gsid.nagoya-u.ac.jp/global/index-en.html တွင် ကြည့်ရှူနိုင်ပါသည်။
ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အတွေ့အကြုံ အနည်းဆုံး (၂) ရှိရမည်။
ဤအစီအစဉ်အတွက် အင်္ဂလိပ်စာ အရည်အချင်းစစ်စာမေးပွဲ ရမှတ် သည် အရေးကြီးပါသဖြင့် ဖြေဆိုပြီးသူများသာ AUAA (Agricultural University Alumni Association) မန္တလေးရုံးခွဲ ဥက္ကဌ ဒေါက်တာခင်လေးဆွေထံသို့ ([email protected] ) မိမိ ကိုယ်ရေး အချက်အလက်ကို ပေးပို့လျှောက်ထားရမည် ဖြစ်ပါတယ်။ ဆရာမကြီးမှ လျှောက်ထားသူများကို စီစစ်ပြီး ပြန်လည် ဆက်သွယ်ပေးမှာ ဖြစ်ပါတယ်။
GreenWay
East West Seed Myanmar ကြော်ငြာ
မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more

Shwe La Won

ATRIA

ရွှေမြား

တောင်ပေါ်သား

တောင်ပေါ်သူ