မိမိဖုန်းမှ အင်တာနက် (ဟော့စပေါ့) လွှင့်ပေးနည်း

06/07/2020 12:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

“ခေတ်မီတောင်သူဖြစ်ဖို့ ဒစ်ဂျစ်တယ်နည်းပညာ လေ့လာစို့” အစီစဥ်လေး ရောက်ရှိလာပြန်ပါပြီ ခင်ဗျ။ ယခင်တစ်ပတ်က ဝိုင်ဖိုင် အသုံးပြုနည်း အကြောင်းကို မျှဝေပေးခဲ့တာ ဖြစ်ပါတယ် ခင်ဗျ။ ယခုတစ်ပတ်မှာတော့ မိမိဖုန်းကနေ တခြားသူတွေကို အင်တာနက် ဟော့စပေါ့ ဘယ်လိုလွှင့်ပေးရလဲဆိုတာလေးကို ပြန်လည်မျှဝေ ပေးသွားပါမယ်ခင်ဗျ။ 

ဟော့စပေါ့ လွှင့်မယ်ဆိုရင် ပထမဆုံး 

၁။ မိမိရဲ့ အင်တာနက် ဖွင့်ထားဖို့ လိုအပ်ပါတယ်။ 

၂။ ပြီးရင်တော့ ဆက်တင် (Setting) ထဲကိုဝင်ရမှာ ဖြစ်ပါတယ်။ 

၃။ ဆက်တင်ထဲဝင်ပြီးရင်တော့ အခြားဝိုင်ယာလက် ချိတ်ဆက်မှုများ (Other Wireless Connections) ထဲကို ဝင်ရောက်ရမှာ ဖြစ်ပါတယ်။ 

၄။ ပြီးရင်တော့ ကိုယ်ရေး ဟော့စပေါ့ (Personal Hotspot) ကို နှိပ်ပြီး ခလုတ်ဖွင့်ပေးလိုက်ရင် မိမိဖုန်းကနေ တခြားသူတွေကို အင်တာနက် လွှင့်ပေးလို့ ရပြီဖြစ်ပါတယ်။ 

၅။ ဟော့စပေါ့ လွှင့်တဲ့ အခါမှာ မိမိရဲ့လွှင့်ပေးတဲ့ လိုင်းအတွက် လျှို့ဝှက်ကုဒ်ထည့်ထားနိုင်သလို မိမိလိုင်းကို ချိတ်ပြီး သုံးနိုင်တဲ့ ဖုန်းအရေအတွက်ကိုလည်း ကန့်သတ်ထားလို့ ရပါသေးတယ် ခင်ဗျ။ ဒီလောက်ဆိုရင် မိမိဖုန်းထဲကနေ တခြားသူတွေကို ဟော့စပေါ့လွှင့်ပေးဖို့ အဆင်ပြေမယ်လို့ ယုံကြည်ပါတယ် ခင်ဗျ။ တခြားသူ ဟော့စပေါ့ လွှင့်ပေးတာကို မိမိက ချိတ်ပြီးသုံးချင်ရင်တော့ ယခင်တစ်ပတ်က ဖော်ပြခဲ့တဲ့ ဝိုင်ဖိုင်အသုံးပြုနည်း ဆောင်းပါးလေးအတိုင်းလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ နောက်တစ်ပတ် ပြန်လည် ဆုံတွေ့ပါမယ် ခင်ဗျ။  
ယခင်တစ်ပတ်က ဝိုင်ဖိုင် အသုံးပြုနည်း အကြောင်းကို ပြန်လည်ဖတ်ရှုချင်ရင်တော့ ဖော်ပြပါ လင့်ကနေတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျ။

ဝိုင်ဖိုင်(wifi)အသုံးပြုနည်း လေ့လာကြမယ်

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်