ဒေသကြက်ပေါက်ဝယ်ယူရာတွင် အာမခံချက်ရှိသည့်နေရာမှ ဝယ်ယူသင့်

03/06/2020 13:45 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ကြက်သားဈေးကွက်အတွင်း တစ်ပိဿာချင်းဈေးနှုန်း ပိုမိုရရှိနေသည့် ဒေသကြက်ကို မွေးမြူလိုသူ များပြားသော်လည်း ကြက်ပေါက်ဝယ်ယူရာတွင် အခက်အခဲမျိုးစုံ ကြုံတွေ့နေရကြောင်း သိရသည်။

ဒေသကြက် တိုင်းရင်းကြက်တွေမှာ ကြက်ပေါက်ဝယ်မွေးပြီး ရောင်းချိန်မှာ ဘာကြောင့် စျေးနှိမ်ခံနေရသလဲ။ ဘာကြောင့် ဝိတ်လျော့သွားကြသလဲ။ အဲ့ဒီအဖြေကို မသိကြတာကြောင့် မွေးသမားတွေ အကြွေးပတ်လည်ဝိုင်းနေတာပါ။ ကြက်ပေါက်ကို ဝယ်ယူရာမှာ အာမခံချက်ရှိတဲ့နေရာက ဝယ်ယူသင့်ပါတယ်။

ဟု ရန်ကုန်တိုင်း၊ သန်လျင်မြိုနယ်၊ မြန်မာ့အားမာန်ရှင် ကြက်မွေးမြူရေးလုပ်ငန်းမှ ဦးဝင်းနိုင်က ပြောသည်။ 

    ကြက်ပေါက်ကို အွန်လိုင်းမှမှာယူပြီး၊ ငွေလိမ်ခံရခြင်းများအပြင် မျိုးကောင်းမျိုးသန့် မရရှိခြင်းနှင့် မွေးမြူထိန်းသိမ်းမှုနည်းစနစ် မကျွမ်းကျင်ခြင်းတို့ကြောင့်လည်း လေလွင့်ဆုံးရှုံးခြင်းများကို ခံစားနေကြရသည်။

ကြက်ပေါက်ရောင်းသူတွေကလည်း သူတို့ရောင်းတဲ့ ကြက်ပေါက်တွေကို စျေးကွက်ဝင်အောင် မွေးမြူနည်းမပေးကြလို့ပါ။ ပေးဖို့ကလည်း ဘယ်မျိုးကို ဘယ်လိုအစာကျွေးပြီး ဘယ်လိုမွေးရမယ်။ ဘယ်စျေးရမယ်ဆိုတာ သူတို့ကိုယ်တိုင် သေချာမသိတော့ မွေးသူကို နည်းမပေးနိုင်ကြဘူးလေ။ ဒါကြောင့် မွေးသူများကလည်း သေချာမေးပါ။ ဝယ်ပြီးမှ အဆင်မပြေရင် ကြက်ပြန်သိမ်းပေးမလား။ ဘယ်စျေးပေးမလဲ။ စာချုပ်နဲ့လုပ်မလားပေါ့။ အာမခံချက်တစ်ခုခု မပေးနိုင်တဲ့ ကြက်ပေါက်ရောင်းသူဆီက မဝယ်ကြပါနဲ့။

ဟု ၎င်းက ဆက်လက်ပြောသည်။

    ရန်ကုန် ကြက်သားဈေးကွက်တွင် ဒေသကြက် အသားတစ်ပိဿာလျှင် (အမ)၇၀၀၀ ကျပ်၊ (အထီး)၆၅၀၀ ကျပ် ဝန်းကျင်ဖြင့် ကြက်သားများ ဖြန့်ဖြူးရောင်းချနေပြီး၊ စတင်မွေးမြူသည့်အရွယ် ကြက်ပေါက်စတစ်ကောင်လျှင် ၉၀၀ ကျပ်၊ ၂၁ ရက်သား ကြက်တစ်ကောင်လျှင် ၁၈၀၀ ကျပ်တို့ဖြင့် ဝယ်ယူမွေးမြူနိုင်ကြောင်း သိရသည်။

 


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်