ဆော့ဝဲထဲက အထူးအစီအစဉ် (၁၁)

23/11/2020 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မင်္ဂလာပါ

အခုဆိုရင် အစီအစဉ် (၁၁) ထိရောက်လာပြီး ဆွေးနွေးချက်လေးတွေမှာလည်း ဦးကြီးတို့သိပြီးသား အစိမ်းရောင်လမ်း အကြောင်းတွေပါကောင်းပါနိုင်သလို ဒီအစီအစဉ်မှပဲသိသွားတဲ့ အစိမ်းရောင်လမ်းအကြောင်းလေးတွေလည်းပါမှာပေါ့နော်။

ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် အစိမ်းရောင်လမ်းကိုစိတ်ဝင်တစားနဲ့အသုံးပြုနေပြီး အစီအစဉ်လေးမှာလည်းပါဝင်ဖြစ်နေတော့ ပျော်စရာကောင်းပြီး အသုံးပြုရတာပိုလွယ်ကူသွားတာပေါ့နော်။

ကဲ...ဒီတစ်ခေါက်မှာ စာအုပ်စင်ကဏ္ဍကိုပြန်သွားကြရအောင် 

စာအုပ်စင်ကဏ္ဍမှာ စပါးနဲ့ပတ်သတ်တဲ့ စာအုပ်တွေဘယ်နှစ်အုပ်တင်ထားလဲဆိုတာ ဆွေးနွေးပေးသွားကြပါဦး။

စစ်တမ်းမှာသွားရောက်ဆွေးနွေးဖို့ မမေ့နဲ့နော်။ တိုက်ရိုက်ရောက်မယ့်လင့်ကိုအောက်ကစာတန်းမှာ နှိပ်ပါ။

ဆော့ဝဲထဲက အထူးအစီအစဉ် (၁၁)

ဦးကြီး/အန်တီတို့ စပါးနဲ့ပတ်သတ်တဲ့စာအုပ်တစ်အုပ် အုပ်များ ဖတ်ဖြစ်ခဲ့တယ်ဆိုရင် ပိုစ့်အောက်က ပါဝင်ဆွေးနွေးမည်မှာ  အတွေ့အကြုံလေးမျှဝေသွားကြပါဦး။ ခေတ်စကားနဲ့ပြောရမယ်ဆိုရင် ရီဗျူးပေးတယ်ပေါ့နော်။ အပျော်ပေါ့။ အများကြီးမဟုတ်လည်းရပါတယ် ဘယ်စာအုပ်လေးဖတ်ဖြစ်ခဲ့တယ် ဆိုတာမျိုးလေးပေါ့ မျှဝေလို့ရပါတယ်။ 

မနက်ဖြန်မှာ ကံထူးသူတွေနဲ့အတူပြန်လာခဲ့ပါမယ်နော်။

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်