ဆော့ဝဲထဲက အထူးအစီအစဉ် (၁၂)

27/11/2020 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မင်္ဂလာပါရှင့်

သောကြာနေ့လေးပါ

တန်ဆောင်မုန်းအခါသမယမှာ အိမ်မှာလုံခြုံစွာနေရင်းနဲ့ပဲ စိတ်ချမ်းမြေ့ဖွယ်ရာပျော်ပွဲရွှင်ပွဲများ ကျင်းပဖြစ်ကြလား ဦးကြီးတို့…

ဒီအစီအစဉ်လေးကနေလည်း ပျော်ရွှင်ပါစေဖို့ မျှော်လင့်ပါတယ်နော်။

ဒီတစ်ပတ်က အခါကြီးရက်ကြီးဖြစ်တဲ့အတွက် ပိတ်ရက်များတယ် ဦးကြီးတို့ရေ…

အစိမ်းရောင်လမ်းက အစိုးရရုံးပိတ်ရက်တွေမှာဆိုရင် သတင်းတွေကလွဲရင် ဆောင်းပါးအသစ်မတင်ပဲ အရင်ကတင်ထားပြီးသားဆောင်းပါးတွေထဲမှာမှ ရာသီနဲ့ကိုက်ညီတဲ့ ဆောင်းပါးများကို အသိပေးချက်ပို့ပေးပါတယ်…

ဒါကြောင့် ပိတ်ရက်တွေမှာ ဆောင်းပါး အသိပေးချက်ဘယ်နှစ်ပုဒ်ရောက်လဲဆိုတာ ဆွေးနွေးပေးသွားကြပါဦး  (မိုးလေဝသတင်း၊ ကိုဗစ်သတင်းတွေမပါပဲနဲ့ပေါ့နော်။)

ဆွေးနွေးရမယ့်နေရာကို အောက်ပါလင့်ကိုနှိပ်ပါ…

ပျော်စရာ ပဟေဠိ (၁၂)

ဒီတစ်ပတ်ပိတ်ရက်ကများတော့ ဒီနေ့မှာသတိမထားမိလိုက်ဘူးဆို နောက်နေ့တွေမှာစောင့်ကြည့်လို့ရပါတယ်နော်။ ဆွေးနွေးချိန်ကို တနင်္လာနေ့ နေ့လည် ၁၂ နာရီထိပေးထားပါတယ်နော်။ 

ကံထူးသူများကိုကြေငြာရင်း ရုံးဖွင့်ရက်ကျရင် ပြန်လာခဲ့ပါမယ်။

အားလုံးပဲ ဆေးပေါင်းခတဲ့ညကိုလည်း ကျန်းမာပျော်ရွှင်စွာဖြစ်သန်းနိုင်ဖို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်