ဆော့ဝဲထဲက အထူးအစီအစဉ် (၁၄) ကံထူးသူများ

08/12/2020 13:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မြိုင်မြိုင်ဆိုင်ဆိုင်ရှိလှတဲ့ အစီအစဉ်လေးပါပဲ

ဖြေဆိုသူတွေအားလုံးနီးပါးမှန်ကြပါတယ်။ အဖြေမှန်သူတွေထဲမှာမှ ကံထူးသူများ (၁၀) ယောက်ကိုကြေငြာချင်ပါတယ်

မောင်ဝိုင်းမောင်မောင်

They Aung Aung

Zayminn

ဦးဌေးရှိန်

မောင်မောင်

ဦီးမျိုးမြင့်ကြည်

ဦးဖိုးနီ

ဒေါ်ဝင်းဝင်းကြူ

မျိုးမြင့်ထွန်း

စိုင်းသီဟသွေး တို့ကတော့ကံထူးသူတွေပဲဖြစ်ပါတယ်

အစိမ်းရောင်လမ်းအသုံးပြုသူတွေထဲမှာဆိုရင် 

- စိုက်ပျိုး/မွေးမြူရေးလုပ်ကိုင်နေတဲ့တောင်သူတွေ

- စိုက်ပျိုး/မွေးမြူနည်းပညာများကို စေတနာထားမျှဝေပေးနေတဲ့ ပညာရှင်တွေ (စိုက်ပျိုးရေးပညာရှင်၊ မွေးမြူရေးပညာရှင်)

- စိုက်ပျိုးသွင်းအားစုတွေ ရောင်းချနေတဲ့အရောင်းဆိုင်ပိုင်ရှင်တွေ

- စိုက်ပျိုးသီးနှံထုတ်ကုန်တွေကိုဝယ်ယူ/ရောင်းချနေတဲ့ ကုန်သည်တွေ

- ရေလုပ်ငန်းလုပ်ကိုင်သူ ရေလုပ်သားတွေ

- အခြား စိုက်ပျိုး/မွေးမြူရေးဗဟုသုတ မိုးလေဝသ လေ့လာချင်တဲ့ သူတွေဆိုပြီး အလုပ်အကိုင် (၇) မျိုး ရွေးချယ်ပြီး အသုံးပြုလို့ရပါတယ်။

ဒီလို အသုံးပြုသူရွေးချယ်မှုပေါ်မှာမူတည်ပြီး သက်ဆိုင်ရာ ကဏ္ဍလေးတွေကွဲတာမျိုးလည်းရှိပါတယ်။ ဥပမာ- တောင်သူရွေးချယ်ထားရင် စိုက်ပျိုးသီးနှံရွေးချယ်ရတာမျိုး အရောင်းဆိုင်ရွေးချယ်ရင် ဆိုင်အချက်အလက်တွေဖြည့်ရတာမျိုးပေါ့

ကုန်သည်တွေဆိုရင်လည်း ဝယ်ယူသည့်သီးနှံတွေရွေးချယ်ရပါတယ်။ အဲ့နေရာမှာဆိုရင် ဈေးတန်းကြီးမှာ အရောင်းပို့စ် အဝယ်ပို့စ်တင်တဲ့အခါ သီးနှံအလိုက် သက်ဆိုင်တဲ့ကုန်သည်တွေဆီကို အသိပေးချက်ပို့ပေးတဲ့ လုပ်ဆောင်ချက်မျိုးရရှိမှာပဲဖြစ်ပါတယ်နော်..

ဒီအချက်လေးတွေကတော့ အလုပ်အကိုင်ရွေးချယ်တဲ့နေရာမှာ ရနိုင်တဲ့မတူတဲ့ လုပ်ဆောင်ချက်လေးတွေပဲဖြစ်ပါတယ်

ဦးကြီးတို့အတွက် အစစ်အနေနဲ့ထည့်ပြောပြပေးလိုက်ပါတယ်ရှင့်

ကံထူးသူများကိုလည်း နေ့လည် ၁ နာရီနဲ့ ၂ နာရီကြားမှာဆက်သွယ်ပေးသွားပါ့မယ်

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်