ဆော့ဝဲထဲက အထူးအစီအစဉ် (၂၀)

08/01/2021 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မင်္ဂလာပါဦးကြီးတို့

အစိမ်းရောင်လမ်းမှာ အကောင့်ဖောက်တဲ့အခါ ကိုယ်ရေးအချက်အလက်တွေထည့်သွင်းရတယ် ဟုတ်.

ဆော့ဝဲကိုစသုံးတာမလို့ အပြည့်အစုံမထည့်လိုက်ရလို့ပဲဖြစ်ဖြစ် ကိုယ်ရေးအချက်အလက်တစ်စုံတစ်ရာပြန်ပြင်ချင်တာပဲဖြစ်ဖြစ် ပြင်ဆင်ထပ်ဖြည့်လို့ရအောင် အစိမ်းရောင်လမ်းဆော့ဝဲကလုပ်ထားပေးပါတယ်။

အဲ့လိုအဖြစ်မျိုးရောကြုံဖူးလား ဦးကြီးတို့..

ဒီလိုပါ ကိုယ်ရေးအချက်အလက်ပြင်ဆင်ဖို့ အရင်ဗားရှင်းတုန်းက တစ်နေရာရှိတယ်ပေ့ါနော်

ခုဗားရှင်းမှာရော အရင်ဗားရှင်းနည်းတူ တစ်နေရာပဲလား ဒါမှမဟုတ် နောက်တစ်နေရာကနေများ အလွယ်တကူ ကိုယ်ရေးအချက်အလက်တွေကိုသွားပြင်လို့ရနေပြီလား..?

ဆွေးနွေးပေးခဲ့ကြပါဦး..

အောက်ကလင့်ကနေပြီး ဆွေးနွေးရမယ့်နေရာကို တိုက်ရိုက်သွားပါ။

ဆော့ဝဲထဲက အထူးအစီအစဉ် (၂၀)

ဒါမှမဟုတ် စစ်တမ်းထဲကနေ ဝင်ဆွေးနွေးပါနော်။

တနင်္လာနေ့မှာ အဖြေမှန်သူတွေနဲ့အတူ ပြန်လာခဲ့ပါမယ်။

ဆွေးနွေးခွင့်ကို တနင်္လာနေ့ မနက် ၁၀ နာရီထိပေးထားမှာပါနော်။

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်