ဒီအချိန်က ပိုးထိုးတဲ့အချိန်မဟုတ်ပေမယ့် အမေးအဖြေက ညွှန်ကြားပေးတဲ့ ethanol trap နဲ့စမ်းကြည့်တော့ ပိုးတွေတကယ်ပဲလာမိနေတာကို တွေ့ရပါတယ်။ ကျွန်တော် တော်တော်လဲဝမ်းသာပါတယ်၊ကိုယ်ယုံကြည်အားထားရာနေရာတစ်ခုရပြီဆိုပြီး ပျော်မိတာပါ
ဒီလိုပြောကြားလာသူကတော့ ဘကြီးဖြိုးဆိုတဲ့အမည်နဲ့ ဒူးရင်းခြံတွေကို စီမံခန့်ခွဲနေသူတစ်ယောက်ပါ။ နန္ဒာလှိုင်ရဲ့ လှိုင်ဒူးရင်ခြံ မန်နေဂျာလည်းဖြစ်ပါတယ်။
ခြံရဲ့သက်တမ်းက နှစ် ၂၀ လောက်ရှိပေမယ့် စီးပွားဖြစ်အနေနဲ့ လှိုင်ဒူးရင်းခြံဆိုပြီးတည်ထောင်ခဲ့တာကတော့ ၂ နှစ်ပဲရှိပါသေးတယ်။ သူစတင်ဦးစီးတာတော့ ဒီနှစ်ထဲမှာပဲ။ အရင်နှစ်တွေကလို ပင်စည်ထိုးပိုးမကျအောင် လေ့လာမှုတွေကို ဆက်တိုက်လုပ်နေခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ အင်တာနက်စာမျက်နှာတွေပေါ်မှာ လေ့လာရင်းနဲ့ အစိမ်းရောင်လမ်းကိုတွေ့ခဲ့ပြီး သူသိချင်နေတဲ့ ဒူးရင်းပင်စည်ထိုးပိုးအကြောင်း မေးမြန်းခဲ့ပါတယ်။
အများကြီးတော့မျှော်လင့်မထားဘူး ဒီအတိုင်းဝင်မေးကြည့်လိုက်တော့ ကောင်းကောင်းမွန်မွန်နဲ့အသေးစိတ်ပြန်ဖြေပေးတယ်မြန်မြန်ဆန်ဆန်ပဲ ဘယ်လောက်မှမကြာလိုက်ဖူး ပြန်ဖြေပေးတာတွေ့ရတယ်
လို့ သူ့ရဲ့အတွေ့အကြုံလေးကို မျှဝေပေးခဲ့ပါတယ်။
အမေးအဖြေကဏ္ဍလေးကနေ ခုလိုအဆင်ပြေသွားရတာတွေ ကြားသိရလို့ ဝမ်းသာဂုဏ်ယူရပါတယ်။ အစိမ်းရောင်လမ်းရဲ့ အမေးအဖြေမှာ ပါဝင်ဖြေဆိုပေးကြတဲ့ ပညာရှင်များ၊ တောင်သူများ၊ ကျွမ်းကျင်သူများအားလုံးလည်း ဝမ်းသာပီတိဖြစ်ရအောင် ကြည်နူးစရာလေးတွေမျှဝေလိုက်ရပါတယ်။
ပညာရပ်တွေ ကိုယ်သိထားတာတွေကို သိထားတဲ့အတိုင်းပဲထားရင် တန်ဖိုးမရှိပါဘူး။ လက်တွေ့အသုံးချလိုက်ပြီဆိုမှ တန်ဖိုးရှိသွားတာပါ။ ကိုယ်တိုင်အသုံးမချနိုင်သေးရင် လိုအပ်နေသူတွေစီမျှဝေလိုက်ပါ။
အစိမ်းရောင်လမ်း
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
CPP Fertilizer Company ကြော်ငြာ
ဟာမိုဇင်းပလပ်(စ်)
ဟော့(ပ်)ရိုး(လ်)
ကောင်စယ်
အီမီဒါနေး(လ်)
ပေါ်စီလန်