မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်အတွင်းရှိ အိမ်ထောင်စုများအတွက် တစ်ပိုင်တစ်နိုင် ငါးမွေးမြူရေးအသေးစားလုပ်ငန်းများ ပေါ်လာစေရန်နှင့် အဟာရပိုမိုပြည့်ဝစေရန်အတွက် စပါးစိုက်ခင်းရှိသူများကို စပါးစိုက်ခြင်း နှင့်အတူ ငါးမွေးမြူနိုင်ရေးကိုပါ စီမံကိန်းချမှတ်ပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း MYSAP အဖွဲ့မှ သိရသည်။
အဆိုပါ စီမံကိန်းကို INLAND MYSAP ဟု အမည်ပေးထားပြီး လာမည့် ၂၀၁၉ ခုနှစ်အတွင်း အမရပူရမြို့နယ်၌ စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ု MYSAP မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
" အမရပူရမြို့နယ်ကို ရွေးရတာက အခြားမန္တလေးခရိုင်မှာရှိတဲ့ မြို့နယ်တွေလို မဟုတ်ပဲ အမရပူရမြို့နယ်မှာ စပါးကွင်းတွေလည်း များတယ်။ နောက်တစ်ချက်က အိမ်ထောင်စုဝင်တွေအတွက် ငါးစားသုံးမှု လိုအပ်တာကိုတွေ့ရတယ်။ နောက်တစ်ချက်က အမရပူရမြို့နယ်မှာရှိတဲ့ စပါးကွင်းတွေက ငါးမွေးမြူ ရေး လုပ်ဖို့မြေနေရာတွေ ကောင်းတာလဲတွေ့ရတယ်" ဟု ၎င်းကဆိုသည်။
CPP Fertilizer Company ကြော်ငြာ
ဟာမိုဇင်းပလပ်(စ်)
ဟော့(ပ်)ရိုး(လ်)
ကောင်စယ်
အီမီဒါနေး(လ်)
ပေါ်စီလန်
Greenovator