စစ်တမ်း ကဏ္ဍလမ်းညွှန်

09/08/2020 12:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အဆင့်(၁) ဆောဝဲလ်ထဲသို့ဝင်လိုက်ပါက ပင်မစာမျက်နှာတွင် မိုးလေဝသ အခြေအနေ အပြင်  စိုက်ပျိုးနည်း ပညာ၊ မွေးမြူနည်းပညာ၊ အမေးအဖြေ၊ နေ့စဉ်‌ဈေးနှုန်းများ၊ အထွေထွေဗဟုသုတ၊ သတင်းတို့ကို မြင်ရပေမည်။ စစ်တမ်းကို မြင်တွေ့နိုင်ရန် ဖုန်းမျက်နှာပြင်ကို လက်ဖြင့် အပေါ်ဘက်သို့ဆွဲပါ။ ထိုအခါ ပုံတွင်ပြထားသည့် အတိုင်း မြင်ရပါမည်။ 

 

အဆင့်(၂) ထို့နောက် စစ်တမ်းသို့ဝင်ရောက်ပါက မိမိမဖြေရသေးသော စစ်တမ်းများကိုတွေ့ရပါမည်။  ဖြေပြီးပါကလည်းဖြေပြီးသား စစ်တမ်းကို မြင်တွေ့ရပါမည်။ 

 

အဆင့်(၃) ပုံတွင်တွေ့ရသကဲ့သို့   မိမိကြိုက်နှစ်သက်ရာ စစ်တမ်းကို ရွေးချယ်ရပါမည်။ ရွေးချယ်ပြီးပါက စဖြေမယ် ဆိုသော ခလုတ်ကို နှိပ်ပါ။ 

အဆင့်(၄)   ထို့နောက် စစ်တမ်းရှိ မေးခွန်းများကို စတင်ဖြေဆိုနိုင်ပြီ ဖြစ်ပါတယ်။ 

အဆင့်(၅) မေးခွန်း တစ်ခုဖြေပြီးတိုင်း ရှေ့သို့နှိပ်ပြီး နောက်ထပ်မေးခွန်းတစ်ခုကို ထပ်မံဖြေဆိုနိုင်ပါတယ်။  ပုံတွင်တွေ့ရသကဲ့သို့ မေးခွန်းအားလုံး ဖြေဆိုပြီးဆုံးပါက တင်မည် အားနှိပ်ပါ။ တင်မည် အားနှိပ်ပြီးပါက စစ်တမ်း ဖြေဆိုမှု ပြီးဆုံးမည် ဖြစ်ပါသည်။ 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်