စားဖူးသူတွေနှစ်သက်လှတဲ့ ငါးစီဖောင်းသုပ်

16/10/2021 13:00 PM တွင် နှင်းဖြူ ဖြူ နှင်းဖြူ ဖြူ မှ ရေးသား

    ငါးစီဖေါင်း ကို အများအားဖြင့် သုပ်စားကြသဖြင့် ပြုလုပ်နည်းလေးကို ဖော်ပြပေးပါမည်။

ငါးစီဖေါင်းသုပ် ပြုလုပ်ရာတွင် -

    ငါးစီဖေါင်းခြောက်၊ ကြက်သွန်ဖြူ/ နီ၊ ဆီအနည်းငယ်၊ ငံပြာရည်၊ ပဲမှုန့် ၊ ငရုတ်သီးစိမ်း၊ ရှောက်ရွက်၊ နံနံပင်၊ သံပုရာသီးတို့ လိုအပ်ပါသည်။

၁။ ပထမဦးစွာ ငါးစီဖေါင်းခြောက် နို့ဆီဘူး ၁ လုံးစာကို ဒယ်အိုးတွင် မီးအေးအေးနှင့် ကျက်အောင် လှော်ရပါမည်။

၂။ ပြီးနောက် လှော်ထားသောစီဖောင်းကို ပွလာအောင် (၁၀) မိနစ်ခန့် ရေစိမ်ထားရပါမည်။

၃။ ရေစိမ်ပြီးနောက် ရေစစ်ပြီးပါက စီဖောင်းများကို ကတ်ကြေးနှင့် အနေတော်အချောင်းလေးတွေ ဖြတ်ရပါမည်။

၄။ ထို့နောက် လှီးဖြတ်ထားသော စီဖောင်းခြောက်ကို ဆီအနည်းငယ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီပါးပါးလှီး၊ ပဲမှုန့်၊ ငံပြာရည်၊ သံပုရာရည်၊ ငရုတ်သီးစိမ်းတို့ဖြင့်ရောနယ်ပြီး ရှောက်ရွက်နှင့် နံနံပင်လေးဖြူးပြီးပါက စားလို့ရပါပြီ။

    ရှောက်ရွက်နံ့လေးသင်းနေပြီး သံပုရာရည်ညှစ်ထားသော ငါးစီဖေါင်းသုပ်မှာ အရသာထူးလှတာကြောင့် စားဖူးသူတိုင်းနှစ်သက်ကြသော ပင်လယ်စာတစ်မျိုးဖြစ်​ပေသည်။

    ငါးစီဖေါင်းကိုစားသုံးခြင်းဖြင့် အရွယ်တင်နုပျိုစေပြီး နှလုံးနှင့်သက်ဆိုင်သော ရောဂါများအတွက် အကျိုးပြုပြီး သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက်လည်း သင့်တော်သည်ဟု ဖတ်မှတ်ရဖူးပါသည်။

ပင်လယ်ပြာ (ငါးဦးစီး) 

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်