ရေစတင်ကူးခတ်လာသည့် တီလားပီးယားငါးသားပေါက်များအားရွှေ့ပြောင်းသည့်စနစ်

20/04/2022 11:00 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ရေအစိမ်းရောင်ရှိသည့် ပြုစုမည့်ကန်အတွင်းတွင် ကြိုတင်ပြင်ဆင်ထားသော ဟာပါအတွင်းသို့ တွဲလျက်ရှိနေသည့် ဥနှစ်များအား စုပ်ယူပြီးသည့် ရေတွင်စတင်ကူးခတ်နေသည့် ငါးသားပေါက်များအား ချက်ချင်း ရွှေ့ပြောင်းရပါမည်။ ငါးသားပေါက်များအား ဟိုမုန်းပြုပြင်ထားသည့်အစာ ၂၄နာရီအတွင်း ၅ ကြိမ်ကျွေးသင့်ပါသည်။

 

 တစ်စတုရန်းမီတာအကျယ် ဟာပါအတွင်းသို့ ၆၀ဂရမ်နှင့်ညီမျှသော ရေတွင်စတင်ကူးခတ်နေသည့် ငါးသားပေါက် ၆၀၀၀ပြောင်းရွှေ့ထည့်သွင်း မွေးမြူနိုင်ပါသည်။

 

 

မျိုးငါးအငယ်၏ ဥများမှာသေးငယ်ပြီး မျိုးငါးအကြီး၏ ဥများမှာ ကြီးမားပါသည်။ ဥဖောက်သည့် အကြိမ်တိုင်း ရေတွင်စတင်ကူးခက်သည့် ငါးသားဖောက်များအား နမူနာယူထားသင့်သည်။

 

ရေတွင်စတင်ကူးခတ်သည့် ငါးသားပေါက် ၁၀၀အားအလေးချိန် ချိန်တွယ်ပြီး နမူနာ ၂ခုယူထားပြီး အလေးချိန်အား ဒသမ၂နေရာအထိယူပြီး ချိန်တွယ်ရပါမည်။

 

ထို့နောက်ဟာပါ တစ်ခုတွင်ထည့်သွင်းရမည့် ရေတွင်စတင်ကူးခတ်သည့် ငါးသားပေါက်အရေအတွက်အား တိတိကျကျတွက်ချက်ရပါမည်။ ၁၀၀ရာခိုင်နှုန်း ငါးအထီးများ ထုတ်လုပ်ရန်အတွက် ၎င်းကဲ့သို့ တွက်ချက်ခြင်းသည် အလွန်အရေးကြီးပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


East West Seed Myanmar ကြော်ငြာ

မျိုးစေ့မမှန် ပင် မသန် ဆိုတဲ့စကားနဲ့ အညီ စိုက်ပျိုးထုတ်လုပ်သူ ဦးကြီးတို့ အနေနဲ့ မဝယ်ခင် မစိုက်ခင် ဘာသီးနှံကို စိုက်မလဲ ဘယ်မျိုးကို ဝယ်မလဲဆိုတာက အဓိက စဥ်းစားရမယ့် အချက်ပါ...ရွေးချယ်မှု မှန်ကန်မှ အောင်မြင်ဖြစ်ထွန်းပြီး အရည်အသွေးမြင့်တဲ့ သီးနှံများ ရရှိမှာ ဖြစ်ပါတယ်...အပူပိုင်းဟင်းသီးဟင်းရွက် မျိုးစေ့ လောကမှာ ကမ္ဘာ့ အဆင့် (၁)အဖြစ် ရပ်တည်နေတဲ့ East-West Seed မြားနီမျိုးစေ့ကုမ္ပဏီကတော့ အရည်အသွေးအာမခံချက်အပြည့်ရှိတဲ့ ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်...မစိုက်ခင် မဝယ်ခင် မျိုးရွေးချယ်မှု မှန်ကန်စိတ်ချရအောင် မြားနီမျိုးစေ့ မှ အရည်အသွေးမြင့် အောက်ပါမျိုးများနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်ဗျာ
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်