အဖိုးတန်တဲ့လူသားတစ်ယောက် ဘဝကိုရဖို့ နေ့စဉ်အကောင်းဆုံးယတြာချေကြစို့ (အပိုင်း ၁) 

07/10/2020 12:45 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Mother Finance Mother Finance မှ ပေးပို့ထားပါသည်။

🌟 ဝင်ငွေမကောင်းတဲ့အခါ ချွေတာသုံးစွဲတာ အကောင်းဆုံးယတြာ။

🌟 လမ်းသွားတဲ့အခါ ကြီးမားတဲ့ဝီရိယထားခြင်းဟာ အန္တရာယ်ကင်းဖို့ အကောင်းဆုံးယတြာ။

🌟 ရန်လိုနေတဲ့လူနဲ့ ဖက်ပြိုင်ပြီးမငြင်းတာ အကောင်းဆုံးယတြာ။

🌟 ဒေါသထွက်စရာ ကြုံတဲ့အခါ စိတ်ဖြေဖို့ရှောင်ထွက်သွားတာ အကောင်းဆုံးယတြာ။

🌟 မနာလိုဝန်တိုစိတ်ကိုမမွေးပဲ ကံ ကံရဲ့အကျိုးကိုလက်ခံနိုင်တာ အကောင်းဆုံးယတြာ။

🌟 စိတ်ကောင်းထားပြီး ရိုးသားမှုရှိတာ ကြီးပွားဖို့ အကောင်းဆုံးယတြာ။

🌟 အားလပ်ချိန်မှာ စာဖတ်တာ အသိအလိမ္မာတိုးတက်စေဖို့ အကောင်းဆုံးယတြာ။

🌟 ကံဆိုးချိန်မှာ ရတနာသုံးပါးကိုဆည်းကပ်ကိုးကွယ်တာကံကောင်းဖို့ အကောင်းဆုံးယတြာ။

🌟 ကျွေးမွေး ပေးအပ်သူကို ကျေးဇူးရှင် တစ်ဦးအဖြစ် မမေ့အပ်တာ အကောင်းဆုံးယတြာ။

🌟 တာဝန်ကို တိတိကျကျ ခွဲခြားပြီး တာဝန်ကျေပွန်တာ အကောင်းဆုံးယတြာ။

🌟 ရှေ့နောက်မြော်မြင်ပညာရှိ လူကြီးမိဘရဲ့ ဆိုဆုံးမမှုကို လိုက်နာတာ အကောင်းဆုံးယတြာ။

🌟 မရသေးတဲ့ဥစ္စာကို မတောင့်တ မလိုချင်တာ စိတ်ချမ်းသာစေဖို့အကောင်းဆုံးယတြာ။

🌟 တတ်နိူင် သလောက် စုဆောင်းသွားတာ အနာဂတ်ခရီးအတွက် အကောင်းဆုံးယတြာ။

🌟 စိတ်ဓါတ်ကိုကြံ့ကြံ့ခံနိူင်အောင် သတိထားတာ  မိမိ မပျက်စီးဖို့အကောင်းဆုံးယတြာ။

Mother Finance
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်