ဆေးရွက်ကြီး - ချင်း - ငရုတ်သီးဆေးရည်

28/01/2021 18:30 PM တွင် U Thein Su U Thein Su မှ ရေးသား ပြီး ဆုဆွေဖောင်ဒေးရှင်း ဆုဆွေဖောင်ဒေးရှင်း မှ ပေးပို့ထားပါသည်။

၁) ဆေးရွက်ကြီးအခြောက် ၅၀ ကျပ်သား

၂) ငရုတ်သီးစိမ်း ၅၀ ကျပ်သား

၃) ချင်း ၅၀ ကျပ်သား

၄) အသင့်သုံးအီးအမ် ၁ လီတာ

၅) ရေ ၅၀ လီတာ

ဖျော်စပ်အသုံးပြုပုံ

  • ဆေးရွက်ကြီး၊ ငရုတ်သီးစိမ်းနှင့် ချင်းတို့ကို ကြေညက်အောင်ထုထောင်းပြီး ရေ (၅၀) လီတာထဲတွင် ထည့်၍ဖျော်ပါ။ 
  • အသင့်သုံးအီးအမ် တစ်လီတာကိုလည်း ရေထည့်ပေးပါ။
  • နှံ့စပ်အောင်မွှေပြီးလျှင် ပုံးကို ဖုံးအုပ်ထားပါ။
  • တစ်နေ့တစ်ကြိမ်မွှေပေးပါ။ 
  • ဆယ်ရက်ပြည့်ပြီးပါက အသုံးပြုနိုင်ပါပြီ။
  • ရေလေးဂါလံလျှင် ဆေးရည် နို့ဆီဘူးတစ်ဘူးနှုန်း ရောစပ်ပက်ဖျန်းရသည်။ 
  • စတင်သုံးစွဲသည်မှ ဆယ်ရက်အတွင်း ကုန်အောင်သုံးစွဲရသည်။ ဆယ်ရက်ကျော်ပါက အာနိသင်များ လျော့ပါးသွားသည်။ 

    ပျပိုး၊ လှေးပိုး၊ ငမြှောင်တောင် စသည်များကို ကာကွယ်နိုင်သည်။ သဘာဝပိုးသတ်ဆေးများတွင် အလွယ်ကူဆုံး ဖျော်စပ်သုံးစွဲနိုင်သည့် ဆေးဖြစ်သည်။


Greenovator ကြော်ငြာ
သီဟိုဠ်မှ ဉာဏ်ကြီးရှင်သည် အာယုဝဍ္ဎနဆေးညွှန်းစာကို ဇလွန်ဈေးဘေး ဗာဒံပင်ထက် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်