ကျွဲ၊ နွားများအတွက် တိုင်းရင်းဆေးနည်းများ

26/03/2020 17:00 PM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

တိရစ္ဆာန်ဆေးကုဆရာဝန်များနှင့် ဝေးသောဒေသများတွင် မွေးမြူထားသော ကျွဲ၊ နွားများအတွက် တိုင်းရင်းဆေးနည်းများဖြစ်ပါသည်။ 

ကန်စွန်းရွက် - နွားများ ပိုးသတ်ဆေးစားမိလျှင် အဆိပ်ပြေစေရန် အရည်ထောင်း၍ဖြစ်စေ တိုက်ကျွေးကုသနိုင်ပါသည်။

ဆားခါး - နွားများ အကြောများတောင့်တင်းနေလျှင်၊ ဝမ်းချုပ်လျှင် ဆားခါး လက်ဘက်ရည်တစ်ပန်းကန်ခန့် တိုက်ကျွေးလျှင် သက်သာစေသည်။

ဆင်တုံးမနွယ် - နွားများဝစေရန် ဆားနှင့်နယ်၍ ခွံ့ပေးနိုင်သည်။ ဆီးများစေရန် သုံးနိုင်ပါသည်။ 

ကွမ်းယာ - မိုးဦးကျတွင် ဖြစ်တတ်သော နွားများ ဗိုက်ကယ်ဖေါနေလျှင် ကွမ်းယာ (၃) ယာခန့်နှင့် ရေကျက်အေး (၁) ပုလင်းခန့်တိုင်ကျွေးလျှင် သက်သာစေသည်။

နနွင်း - နွားများ တိမ်စွဲလျှင် နနွင်းမှုန့် မျက်လုံးထဲခပ်ပေးလျှင် သက်သာစေပါသည်။

နွားမျက်စဉ်း - ချင်း၊ ပိတ်ချင်း၊ ငရုတ်ကောင်း ဆတူရောထောင်းပြီး တစ်ခါခပ်လျှင် အနည်းငယ်ခပ်နိုင်ပါသည်။ 

ထုံး - ကွမ်းစားထုံးကို နွားများရောင်သောနေရာတွင် ရေနံချေးနှင့် ရောလိမ်းပေးလျှင် သက်သာနိုင်သည်။ နွားခွာများပေါက်နေလျှင် ထုံးနှင့်သကြားရောပြီး ပျစ်သည်အထိမွှေ၍ ခွာ၏ ဆွေးနေသောအပိုင်းကိုဖယ်ပြီး သိပ်ပေးလျှင် သက်သာစေပါသည်။ 

ဆား - နွားများ ကျင်ငယ်ရေသောက်ခြင်း (ပြန်ရေသောက်ခြင်း)၊ အစားကျင်းတိုင်များ၊ ချည်ကြိုးများကို ဝါးစားနေလျှင် ဆားခွံ့ပေးခြင်းဖြင့် သက်သာနိုင်သည်။ အလုပ်ပင်ပန်း၍ မောလျှင် ဆားခွံ့နိုင်သည်။

ဆီ - နွားများ လေပွဝမ်းကယ်ခြင်းတွင် ဆီ (၂၀) ကျပ်သားခန့် တိုက်ကျွေးပါက သက်သာစေသည်။

ကျောက်ချဉ် - လျှာနာရောဂါတွင် ကျောက်ချဉ် (၂) ကျပ်သားအား ရေ (၁) လီတာခန့်ဖြင့်စိမ်ပြီး ဆေးကြောကုသနိုင်သည်။

ထိကရုံး - ကုန်းထိကရုံး - နွားများဆီးနည်းလျှင် ကျိုပြီးတိုက်နိုင်သည်။ 

မရိုးပင် - ကြပ်နာဖြစ်ပါက မရိုးပင်အစေးဖြင့် သုပ်ပေးခြင်းဖြင့် ကြပ်ဖုများပေါက်ပြီး သက်သာစေသည်။ ဒေါင့်သန်းရောဂါများအတွက် မရိုးရွက် (၃-၄) ရွက် ခန့် ခွံ့ပေးခြင်းဖြင့် သက်သာစေပါသည်။

မိုးနှံပင် - မိုးနှံပင်ရွက်နှင့် ရှောက်ရွက် တစ်ဆုပ်ခန့်ကို ချင်း (၁၀) သားခန့်နှင့်ကျို၍ တိုက်ပေးလျှင် အဆုပ်ပွ၊ ချောင်းဆိုး၊ သွားကြိတ်ခြင်း၊ ချမ်းတုန်ခြင်းကို သက်သာစေပါသည်။ နွားများ ပေါင်ပုပ်၊ လက်ပုပ်ဖြစ်လျှင် မိုးနှံခက်ဖြင့် သွေးပုပ်များထွက်အောင်ရိုက်၍ ကုသနိုင်ပါသည်။

တမာခေါက်/ တမာရွက် - အနာဆွေးများ၊ ခွာများကို တမာခေါက်၊ တမာရွက်ပြုတ်ဖြင့် ဆေးကြောကုသနိုင်ပါသည်။

ရှားစောင်းလက်ပတ် - နွားမများ သားလျောခြင်းဖြစ်လျှင် ရှားစောင်းလက်ပတ်(၂၅)ကျပ်သား၊ ထန်းလျက် (၂၅) ကျပ်သားကို ပျားရည် (၅၀) ကျပ်သား ရောကျိုပြီး တစ်ရက်လျှင် ထမင်းစားဇွန်း (၃) ဇွန်းခန့် ကျွေးလျှင် နွားမများ သားအိမ်အပုပ်နံ့ ကင်းစေသည်။ နို့စားနွားကိုကျွေးလျှင် နို့ပေါစေသည်။ နွားမပိန်များကိုကျွေးလျှင် ဝလာပြီး သားတောင်းလွယ်သည်။ 

ပရုတ်လုံး - အနာများ လောက်ကျလျှင် ဆေးရွက်ကြီးနှင့်ရော၍ သိပ်ပေးလျှင် လောက်များထွက်ကျ သက်သာစေပါသည်။

ပခုံးပေါက်ခြင်း - ဆေးကတ္တာလိမ်းခြင်း၊ အုန်းဆီသုတ်လိမ်းခြင်း၊ ဝက်သားအဆီသုတ်လိမ်းပေးခြင်းဖြင့် သက်သာစေပါသည်။

နွားများ ဝဲ၊ နှင်းခူ၊ ကျင့်ခွာ၊ အမွှေးမပေါက်လျှင် နှမ်းလုံးကြိုင်အသီး (၅၀) ကျပ်သား၊ ဂုံမင်းစေ့ (၂၅) ကျပ်သားကို မြေအိုးတွင်ထည့် ရွှံ့မံပြီး ဖွဲမီးဖြင့် ပြာကျအောင်ဖုတ်၍ ရလာသောပြာကို အုန်းဆီဖြင့် လိမ်းပေးလျှင် ဝဲ၊ နှင်းခူ၊ အမွှေးကျွတ်နာများကိုကင်းပြီး အမွှေးပြန်ပေါက်စေသည်။

ဦးဇော် (DOF)

ကျွဲ၊ နွားများအတွက် တိုင်းရင်းဆေးနည်းများကို ဖတ်ရှူလေ့လာထားသော စာပေများမှ ပြန်လည်ရေးသားမျှဝေပါသည်။ 

(ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်"  "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ) 


CPP Fertilizer Company ကြော်ငြာ

စီပီပီ ကုမ္ပဏီမှ ဖြန့်ဖြူးလျှက်ရှိသော ပေါင်းသတ်ဆေးနှင့် အပင်ရောဂါကုသ ဆေးများ တောင်သူအားလုံးသည် ကျွန်တော်တို့၏ ဘ၀လက်တွဲဖော်ဖြစ်သည်။
Read more စီပီပီ Facebook စာမျက်နှာ သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်