စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးများကို တောင်သူများထံသို့ ရောင်းချပေးနေသော ကျေးရွာအဆင့် လက်လီဆိုင်ပိုင်ရှင်များ၊ မြို့နယ်အဆင့် အရောင်းကိုယ်စားလှယ်များ၊ ဆေးထုတ်လုပ်ဖြန့်ဖြူ းသည့် ကုမ္ပဏီဝန်ထမ်းများ မှတောင်သူများထံ ပိုးသတ်ဆေးများ ရောင်းချရာတွင် အန္တရာယ်ကင်းရှင်းစွာဖြင့် ဆင်ခြင်ကိုင်တွယ် အသုံးချနိုင်အောင် ထိရောက်စွာ ရှင်းလင်းပြသပေးနိုင်စေရန် ရည်ရွယ်ပြီး
ပိုးသတ်ဆေးများ အန္တရာယ်ကင်းရှင်းစွာ ကိုင်တွယ် အသုံးချခြင်းဆိုင်ရာ အသိပညာပေးသင်တန်းနှင့် ဆွေးနွေးပွဲ ကို USAID ၏ ကူညီထောက်ပံ့မှုဖြင့် Winrock International အဖွဲ့မှ
မတ်လ ၁၆ ရက်နေ့ - ချယ်ရီကွင်းဟိုတယ်၊ တောင်ကြီးမြို့
မတ်လ ၁၇ ရက်နေ့ - အာလူးစိုက်ပျိုးထုတ်လုပ်သူများအသင်း၊ ဟဲဟိုးမြို့
မတ်လ ၁၈ ရက်နေ့ - လင်းရောင်ခြည်ခန်းမ၊ အောင်ပန်းမြို့ ှ
မတ်လ ၁၉ ရက်နေ့ - ဒိုင်းမွန်းကွင်းခန်းမ၊ ပင်းတယမြို့ တို့တွင်ပို့ချပေးသွားမှာဖြစ်ပါတယ်...
ဒီသင်တန်းမှာ အသိပညာ ဗဟုသုတအသစ်များနှင့် ပိုမိုထိရောက်တဲ့ ပညာပေးနည်းလမ်းများကို သင်ယူလေ့လာခြင်း၊ ဆွေးနွေးဖလှယ်ခြင်းများ ပြုလုပ်နိုင်မှာမို့လို့ အထက်ပါ မြို့ များနဲ့ နီးစပ်ရာဒေသများက စိုက်ပျိုးရေးလုပ်ငန်းသုံး ဆေးဆိုင်ပိုင်ရှင်နဲ့ ကုမ္ပဏီဝန်ထမ်းများအနေနဲ့ မပျက်မကွက်တက်ရောက်ကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။
ဆက်သွယ်ရန်လိပ်စာ - မဝတ်ရည်လွင် ၀၉-၂၆၃၈၃၂၉၆၈ (သို့)
Winrock International ၂/၇ ၊ ကမ္ဘောဇလမ်း ၊ ရေအေးကွင်းရပ် ၊ တောင်ကြီးမြို့ (ရုံးချိန်အတွင်း)
East West Seed Myanmar ကြော်ငြာ
Shwe La Won
ATRIA
ရွှေမြား
တောင်ပေါ်သား
တောင်ပေါ်သူ